Thursday, April 3, 2014

မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ထံ အကူညီတောင်းခံ

သတင်းဓာတ်ပုံ - ကောင်းထက်ကျော်
မြေသိမ်းခံ မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူတွေက ဒီနေ့ ဧပြီ ၃ရက်နေ့မှာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့မှာ သွားရောက်တွေ့ဆုံ အကူညီတောင်းခံကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေပြောတာတွေကို လက်ခံနားထောင်ပြီး "လုပ်ပေးမယ်လို့ ကတိမပေးနိုင်ပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ကြိုးစားပေးမယ်"လို့ ပြန်လည်အားပေးပါတယ်။
DVB TV News