Friday, April 25, 2014

အားလုံးစုပေါင်း ကယ်လိုက်နိုင်ခဲ့တဲ့ အသက်တစ်ချောင်း

လားရှိုး၊ ဧပြီ ၂၁
ဒီနေ့  ဧပြီ ၂၁ ရက်၊ ခရီးရောက်မဆိုက် ရတနာပုံသတင်းစာအတွက် နေ့ ဖောင်ရေးနေတဲ့အချိန်၊ မနက် ၁၁နာရီလောက်ပေါ့။

သတင်းလိုက်ဖော်လိုက်ဖက်၊ ရေးဖော်ရေးဖက် လင်းလင်း(လားရှိုး) က ဖုန်းဆက်လာတယ်။ 'ကိုဗိုလ်ရေ... အထက (၁) ရှေ့ မှာ လူတစ်ယောက်လဲနေတာ ၅-ရက်လောက် ရှိပြီလို့် ပြောတယ်။ အဲဒါ  ဘယ်လိုလုပ်ကြမလဲ။' 'ဟာ... ဒါသွားကြည့်ရမှာပေါ့။ လိုအပ်ရင် အကူအညီပေးမယ်။ ဆေးရုံတင်ပေး
မယ်။ သွားရအောင်။'

သိပ်မကြာခင်ပဲ လင်းလင်း(လားရှိုး) အိမ်ရောက်လာတယ်။ နှစ်ယောက်သား ဆိုင်ကယ်နဲ့ ထွက်ခါနီး Arrow ကိုလင်းလည်း ကျွန်တော့်အိမ်ရှေ့ ကို သူ့ ကားကလေးနဲ့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ပလို့ ဆိုဂျိ ဆိုပြီးသား သူတွေမို့  နှစ်ခါမတိုင်ပင်လိုက်ရပဲ ကျွန်တော်နဲ့  လင်းလင်း(လားရှိုး) က ဆိုင်ကယ်နဲ့ ၊ ကိုလင်းက ကားနဲ့  အထက (၁) ကို ရောက်ခဲ့ကြတယ်။

ကျောင်းကို တစ်ပတ်သာပတ်လိုက်တယ်၊ လဲနေတဲ့လူကို မတွေ့ ဘူး။ နောက်တစ်ပတ် ပတ်ကြည့်လိုက် မှ ပြည်နယ်ပညာရေးမှူးရုံးအဆင်းလမ်း၊ အထက (၁) ရဲ့  ပင်မ၀င်ပေါက်ရှေ့  လမ်းချိုးလေးရဲ့  အုတ်ခုံလေး နားက ဆက်သွယ် ရေးကတူးထားလို့  ပေါ်နေတဲ့ မြောင်းကလေးမှာ လူတစ်ယောက်လဲနေတာ
ကို တွေ့ လိုက်ရတယ်။

အနားသွားကြည့်လိုက်တော့ ဘုရား...ဘုရား... ပါးစပ်မှာ အမြုပ်တစီစီနဲ့ ... ယင်ကောင်တွေ တလောင်းလောင်း အဲဒီယင်ကောင်တွေကို သူ့ ရဲ့  တုန်ရင်ချိနဲ့ နေတဲ့ လက်နဲ့  ကြိုးစားဖယ်နေရှာ
တယ်။ မနိုင်တဲ့အဆုံး ယင်အနားခံရင်း သေအံ့မူးမူးဖြစ်နေတဲ့ လူတစ်ယောက်ကို ဒါပထမ ဆုံး မြင်ဖူးလိုက်တာပဲ။

ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးရုံကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ တစ်ယောက်လာကြည့်ပေးပါ ပေါ့။ ဟုတ်ကဲ့လို့ ပြောပြီး ဖုန်းချသွားတယ်။

မလှုပ်နိုင်လို့  ထင်ပ၊ ဆီးဝမ်းတွေ ဘောင်းဘီထဲသွားထားလိုက်တာ အနံ့ ဆိုး တွေ ထွက်နေတယ်။ စကားပြောကြည့်တော့ ပြန်မပြောနိုင်ဘူး။ လက်ထောင် ပြခိုင်းတော့ ဖြည်းဖြည်းချင်း ထောင်ပြ တယ်။ ခြေထောက်လှုပ်ခိုင်းတော့လည်း ဖြည်းဖြည်းချင်း လှုပ်ပြတယ်။

ဒါဆိုရင် ဒီလူမသေနိုင်သေးဘူးလို့  ကျွန်တော်တွက်လိုက်တယ်။ ပရဟိတ လုပ်နေတဲ့ စိုးမင်းနိုင်ကို ဖုန်းဆက်ပြီး သာရေးနာရေးကားကို ခေါ်ပေးဖို့  ပြောလိုက်တယ်။ ပုဂ္ဂိုလ်က ကားမခေါ်လာဘဲ ဆိုင်ကယ်နဲ့  ရောက်လာတယ်။ လမ်းသွားလမ်းလာတွေလည်း ၀ိုင်းကြည့်နေကြကုန်ပြီ။

'ဘာဖြစ်တာလဲ.... အော်... ဟင်း' ဆိုပြီး ပြန်ထွက်သွားကြတယ်။

သတင်းထောက် ကိုမောင်မောင်သန်းကို ဖုန်းဆက်လိုက်တယ်။ ချက်ခြင်းပဲ ကျွန်တော်လိုက်လာခဲ့မယ်ဆိုပြီး ခဏလေးအတွင်း ဆိုင်ကယ်နဲ့  ရောက်လာ တယ်။

ပရဟိတလည်းလုပ်၊ မြို့ နယ်အထောက်အကူပြုမှာလည်း ပါဝင်တဲ့ ကိုစိုးမြင့် နိုင်ကို ဖုန်းဆက်ပြီး သာရေးနာရေးကား အကူအညီတောင်းလိုက်တယ်။ သူ အမြန်ဆုံးစီစဉ်ပေးမယ်လို့  ပြောတယ်။

ဒီအချိန်မှာပဲ ပြည်နယ်ပညာရေးမှူးရုံးဘေးနားက ကျန်းမာရေးရုံးရှေ့ ကို ပါဂျဲရိုး အစိမ်းတစ်စီး လာရပ်တယ်။ ဒေါက်တာထွန်းသန်းဦးပဲ ဆိုပြီး Arrow ကိုလင်း က အပြေးသွားခေါ်တယ်။

ဒေါက်တာထွန်းသန်းဦး ချက်ခြင်းလိုက်လာတယ်။ သူ့ နောက်ကလည်း ကျန်းမာရေးရုံးက ၀န်ထမ်းနှစ်ယောက်လောက်လိုက်လာတယ်။ ယင် တလောင်းလောင်း၊ ဆီးဝမ်းနံစော်နေပြီး ညစ်ပတ်ပေတူးနေတဲ့ လမ်းဘေးက လူတစ်ယောက်ကို အခုပဲ ပါဂျဲရိုးပေါ်ကဆင်းလာတဲ့ ဆရာက ရော်ဘာ
လက်အိတ်နှစ်ဖက်စွပ်ပြီး မရွံမရှာ စမ်းသပ်တော့တာပဲ။

နူတ်ကလည်း ဆက်တိုက်ညွှန်ကြားနေတယ်။ လက်ကလည်း တောက်လျှောက် အလုပ်လုပ်နေ တယ်။ သတင်းထောက်တွေကတော့ ဓါတ်ပုံ တဖြတ်ဖြတ်နဲ့ ပေါ့။ ဒီအချိန်မှာပဲ အမှတ်(၁)ရပ်ကွက်အုပ် nချုပ်ရေးမှူးး ရောက် လာတယ်။

ဆရာက ဆေးထိုးအပ်နဲ့  ရေကိုစုပ်၊ လဲနေသူရဲ့  ပါးစပ်ထဲထည့်ပေး၊ သကြား ရည်ဖျော်ခိုင်း၊ ဆေးထိုးအပ် နဲ့ တိုက်၊ နားကြပ်နဲ့ ထောက်၊ နမိုးနီးယား မိနေတယ်လို့ ပြော၊ အဲဒီလူက ချွဲတွေတက်လာတော့ ခေါင်းကို သူ့ လက်နှစ်ဖက်နဲ့  မပေးတာ။ ကျွန်တော်က ရေသန့် ဘူးခွံလေးတွေ ၀င်ခုပေးတယ်။ မရဘူး။
ဆရာကိုယ်တိုင်ပဲ အဲဒီလူကို ထိုင်လျက်ဖြစ်အောက် မပေးလိုက်တယ်။ ချွဲတွေ ထွက်လာတယ်။ ဆရာ ကပဲ ဂွမ်းနဲ့  ချွဲတွေကို သုတ်ပေးတယ်။ ယင်ကောင် ဆက်တိုက် လာလာနားနေတဲ့ နူတ်ခမ်းကို သန့် ရှင်းသွားအောင် သုတ်ပေးတယ်။

ကိုစိုးမြင့်နိုင်ကိုယ်တိုင်မောင်းလာတဲ့ လူငယ်သာရေးနာရေးကူညီရေးအသင်း လူနာတင်ကား ရောက်လာ တယ်။ လူနာတင်ကားပေါ်က လူသုံးယောက် စတီး ထမ်းစင်ကို မချပြီး သွက်သွက်လက်လက်ပဲ ဆင်းလာတယ်။ အဲဒီလူကို ထမ်း စင်ပေါ်တင်ဖို့  ပြင်တော့ ကျွန်တော်က 'ဒေါက်တာထွန်းသန်း ဦး ရောက်နေပါတယ်။ ခဏစောင့်လိုက်ပါအုံး' လို့ ပြောလိုက်တယ်။

ဆရာပြန်ရောက်လာတယ်။ လားရှိုးပြည်သူ့ ဆေးရုံအုပ်ကြီးကို ဖုန်းဆက် အကြောင်းကြားပေးတယ်။ အဲဒီလူကို ဆရာနဲ့ အတူ လူနာတင်ယာဉ်ပေါ် ပါလာသူတွေက ၀ိုင်းဝန်းတင်လိုက်ကြတယ်။ အရေးပေါ်ဥသြဆွဲပြီး မောင်းတော့တာပဲ။ ကျွန်တော်တို့ လည်း ဆိုင်ကယ်နဲ့  ဆေးရုံအရေးပေါ်ဌာနကို
အမြန်မောင်းသွားလိုက်တယ်။

တစ်ခါမ မမြင်ဖူးဘူး။ ထမီအပြာဝတ်၊ အနီဝတ် သူနာပြုဆရာမတွေ အသင့် စောင့်နေတယ်။ အရေးပေါ်ဆေးကုခန်းထဲကို ခေါ်သွားကြတယ်။ အပြာရောင် ၀မ်းဆက်ဝတ်ထားတဲ့ ဆရာဝန်မ လှလှလေးက မျက်နှာတစ်ချက်မပျက်ဘဲအဲဒီ ညစ်ပတ်နံစော်နေတဲ့ လူနာကို စမ်းသပ်ကြည့်ရှုတယ်။ ဂလူးကို့ စ်သွင်းပေးလိုက်တယ်။ ဆေးရုံမှာလက်ခံပေးလိုက်တယ်။ ဆေးရုံ တာဝန်ကျ ရဲတပ်ကြပ်လည်း ရောက်လာတယ်။ ယဉ်ထိန်းကလည်း ပြူတစ် ပြူတစ်နဲ့ ။

ဖျားနာဆောင်ကို လူနာတင်ကားနဲ့ ပဲ ဆက်ပို့ ကြတယ်။ အပေါ်ထပ်ရောက် တော့ ကုတင်နေရာယူ။ တာဝန်ကျဆရာဝန်ကလည်း ဒုလ္လဘထွက်ဖြစ်ဟန်တူရဲ့ ၊ ကတုံးကလေးနဲ့ ။ ကောင်းကောင်းမွန်မွန် ကြည့်ပေးရှာတယ်။

နာမည်ကို ကြိုးစားမေးတော့ အဲဒီလူနာမည် သန့် ဇင်ဝင်း၊ အသက် ၂၃ နှစ်။ ဘယ်မှာနေတယ်ဆို တာ မေးလို့ မရသေးဘူး။

အားအင်ချိနဲ့ နေတဲ့သူ့ ကို သာရေးနာရေးကူညီစောင့်ရှောက်ရေးက လူ ၃- ယောက်နဲ့  သတင်းထောက် လင်းလင်း(လားရှိုး) တို့ က ရာဘာလက်အိတ်တွေစွပ်ပြီး ချီး၊သေးအားလုံး ဆေးပေးကြတယ်။ ကျွန်တော်တို့ တတွေ အနံ့  မခံနိုင်လို့  အပြင်ထွက်နေကြတဲ့အချိန်မှာ မရွှံမရှာ လုပ်ကိုင်ပေးနေတဲ့ သူတို့ 
ကို ကြည့်ပြီး လေးစားမိတယ်။

ခုတော့ မောင်သန့် ဇင်ဝင်းတစ်ယောက် လမ်းဘေးမြောင်းထဲမှာ ပုပ်စော်နံပြီးယင်တလောင်းလောင်းနဲ့  သေမယ့်အချိန်ကို စောင့်ဆိုင်းနေရရာကနေ ဆေး
ဝါးစုံလင်ပြီး ဆရာဝန်၊ဆရာမတွေရဲ့  ဆေးဝါးကုသစောင့်ရှောက်မှုအောက်ကို
ရောက်သွားပြီ။ ရပ်ကွက် (၁)အုပ်ချုပ်ရေးမှူးး ယူလာပေးတဲ့ အင်္ကျီနဲ့  ပုဆိုးလဲ လဲဝတ်ထားပြီ။ ရေလည်း ချိုးပြီးသွားပြီ။

သူ မသေလောက်တော့ပါဘူး။ လင်းလင်း(လားရှိုး)က လူနာအတွက် အာဟာရ ဆိုပြီး ဆေးရုံကတာဝန်ကျ ဆရာဝန်မလေးဆီကို ငွေတစ်သောင်း လှူသွားတယ်။ ညနေပိုင်းမှာ Arrow က်ုလင်းက ငွေ နှစ်သောင်း ထပ်လှူထားတယ်ပြောတယ်။ ဆေးရုံက ဆေးလူမှုဆက်ဆံရေးကလည်း သွားကြည့်တယ် လို့ ကြားတယ်။

ဒီနေ့  မထင်မှတ်ဘဲ အသက်တစ်ချောင်းကယ်တင်ခွင့်ရလိုက်တဲ့အတွက် ကျွန်တော်တစ်နေ့ လုံး ပျော်နေ မိတယ်။

ဆရာဝန်စိတ်ဓါတ်အပြည့်ရှိတဲ့ ဒေါက်တာထွန်းသန်းဦး၊ တကယ့်ကို ကိုယ်ကျိုးမကြည့် လိုအပ်တာတွေကို ချီးသေးကအစ ၀ိုင်းလုပ်ပေးတဲ့ လူငယ် သာရေးနာရေးကူညီစောင့်ရှောက်မှုအသင်းက ညီအစ်ကိုများ၊ ချက်ခြင်းအကူအညီပေးခဲ့တဲ့ ကိုစိုးမြင့်နိုင်၊ ဘယ်ရောက်နေမှန်းမသိ၊ အပြောအဆိုမတတ်ပေမယ့်
လိုတဲ့အချိန်မှာ ချက်ခြင်းရောက်လာတတ်တဲ့ သတင်းထောက် စိုးမင်းနိုင်၊ ပရဟိတဆိုရင် တက်ကြွစွာရောက်လာတတ်တဲ့ သတင်းထောက် ဦးမောင်မောင်သန်း၊ တစ်ဖက်သား ကို ကူညီဖို့  အလုပ်ပစ်အကိုင်ပစ် လိုက်လုပ်ပေးတတ်တဲ့ Arrow ကိုလင်း၊ စိတ်ရင်းကောင်းပြီး အနစ်နာခံတတ်တဲ့ လင်းလင်း(လားရှိုး)၊လူနာကို တစ်ချက်မှ မရွံရှာပဲ ကြည့်ရှုကုသပေးတဲ့ လားရှိုးပြည်သူ့ ဆေးရုံကြီး
က ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဆေးလူမှုဆက်ဆံရေးအဖွဲ့ ဝင်များ၊ ရပ် ကွက် (၁) အုပ်ချုပ်ရေးမှူးးနဲ့ အတူ လူနာကို ဆေးရုံမှာ လက်ခံကုသပေးတဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒီပ တို့ အားလုံး တစ်ကယ်ကို လေးစားဖို့  ကောင်းပါတယ်။

ဖော်ပြပါ ပုဂ္ဂိုလ်အားလုံးကို Lashio News Diary က လေးစားပါကြောင်း
မှတ်တမ်းတင်အပ်ပါတယ်။
(TMK-သမန်းကျား ရတနာပုံသတင်းစာ)