Monday, March 10, 2014

မြောက်ကိုရီးယား ပါလီမန် ရွေးကောက်ပွဲတွင် ပြည်သူများမဲပေး

ပြုံယန်း၊ မတ် ၉
မြောက်ကိုရီးယား ပါလီမန် ရွေးကောက်ပွဲ ကျင်းပနေပြီး ငါးနှစ်သတ်တမ်း တာဝန် ထမ်းဆောင်မည့် လွှတ်တော် အမတ်များကို ပြည်သူများက မဲဆန္ဒပေး ရွေးချယ်နေကြကြောင်း BBC သတင်းတွင် ဖော်ပြထား သည်။

မဲဆန္ဒနယ်ပေါင်း ၆၈၇ နယ်တွင် ရွေးကောက်ပွဲများ ကျင်းပနေခြင်း ဖြစ်ပြီး မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စား လှယ်လောင်း တစ်ဦးတည်းသာရှိကာ ပြည်သူများက ၎င်းကိုယ်စားလှယ် တစ်ဦးတည်းကိုသာ ထောက် ခံကြောင်း မထောက်ခံကြောင်း မဲပေးသွားရမည် ဖြစ်သည်။

ပြုံယန်းမြို့တော်တွင် ချိတ်ဆွဲထားသည့် ရွေးကောက်ပွဲ လှုံ့ဆော်စာတန်း များတွင်လည်း ထောက်ခံမဲ သာ ပေးရန် တောင်းဆို တိုက်တွန်းထားသည်။

ထို့အပြင် ကိုယ်စားလှယ်လောင်းများ စာရင်းကို ကြည့်ပြီးမည်သူမှာ ခေါင်းဆောင်များ၏ မျက်နှာသာ ပေး ခံနေရကြောင်း လေ့လာနိုင်သည်ဟု ပညာရှင်များက မှတ်ချက်ပေးသည်။

၂၀၀၉ ခုနစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒပြပေးသူပေါင်း ၉၉ ရာခိုင်နှုန်းထိရှိပြီး မဲပေးသူ အားလုံး ၁၀၀ ရာခိုင်နှုန်းမှာ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲ ပေးခဲ့ကြသည်။ လက်ရှိ ကျင်းပ သည့် ရွေးကောက်ပွဲမှာ ၂၀၁၁ ခုနှစ်တွင် အာဏာစတင်ရယူသည့် မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအန် လက်ထက်တွင် ပထမဆုံး အကြိမ်ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

အန်မှာပတ်ဒူတောင် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ထားပြီး ယင်းနေရာမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ မွေးရပ်မြေ ဖြစ်ကြောင်း ဝါဒဖြန့်ချိရေး မီဒီယာများတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲများကို အားလပ်ရက် ကာလတွင် ကျင်းပခြင်းဖြစ်ပြီး လမ်းမများပေါ်တွင် ပျော်ပွဲရွှင် ပွဲများ၊ ဖျော်ဖြေရေးပွဲများလည်း ပြုလုပ်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ တပ်မတော်နဲ့ ပြည်သူတွေရဲ့ တစ်စိတ်တစ်ဝမ်းတည်း စိတ်ကို ရွေးကောက်ပွဲကတစ် ဆင့် ပြသသွားပါမယ်” ဟု ရွေးကောက်ပွဲ ပြင်ဆင်ရေး ကော်မတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဟွန်ဘောင်ချိုးက ပြောကြားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ခေါင်းဆောင်မှု နောက်တွင် ပြည်သူတစ်ရပ်လုံးမှာ ခိုင်မာစွာစည်းလုံး ညီညွတ်နေကြောင်း ၎င်းက AP သတင်းကို ပြောကြားသည်။

ကင်ဂျုံအန်၏ ဦးလေးဖြစ်သူ ချန်ဆောင်တိတ်ကို ရုတ်တရတ်ရာထူးမှ ဖြုတ်ချ သတ်ဖြတ်လိုက်ပြီး သည့် နောက်တွင် သုံးလအကြာတွင် ယခုကဲ့သို့သော ရွေးကောက်ပွဲ ကျင်းပလိုက်ခြင်း ဖြစ်သည်။
The Voice Weekly