Thursday, March 6, 2014

မယားကြီးက မယားငယ်အား အက်ဆစ်ဖြင့် ပက်မှု ဒဂုံတောင်တွင် ဖြစ်ပွား

ရန်ကုန်-မတ်၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်မြို့ နယ်တွင်မယားကြီးက မယားငယ်အား အက်ဆစ်ဖြင့်ပက်မှုတစ် မှု ဖြစ်ပွားခဲ့ကြောင်း ရဲတိုင်းရုံးမှသိရသည်။

မတ် လ ၁ ရက်နေ့  ၁၃း၃၀ အချိန်တွင် မ---(၂၅) နှစ် သည် ခင်ပွန်းဖြစ်သူ လှမျိုး နှင့်အတူ (၈)ရပ်ကွက်၊ ဒဂုံတောင်ရှိ နေအိမ်တွင် အတူရှိနေစဉ် လှမျိုး ဧ။် မယားကြီး မ--- ရောက်လာပြီး မ---(၂၅) နှစ်-နှင့် စကားများရာ အနီးရှိ ဘက္ထရီ လဲထားသော အက်ဆစ်ခွက်နှင့်ပစ်ပေါက်သဖြင့် မ---(၂၅) နှစ်ဧ။် မျက်လုံး များအား အက်ဆစ်ရေများထိမှန်ခဲ့ပြီး မျက်လုံးနီရဲဒဏ်ရာရရှိခဲ့ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံ တွင် ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့်ဆေးကုသနေရကြောင်းရဲတိုင်းရုံးမှသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အက်ဆစ်ဖြင့်ပစ်ပေါက်သူ မ---အား အရေးယူပေးရန် ဒဂုံတောင် မမစ(ပ) ၁၈၇/၁၄ ၊ပြစ်မှုပုဒ်မ ၃၂၆ဖြင့် ၅.၂.၂၀၁၄ နေ့ ၁၅း၅၀ အချိန်တွင် အမှုဖွင့်ထားကြောင်းရဲတိုင်းရုံးမှသိရသည်။
ZWY
Popular Myanmar News Journal