Wednesday, March 12, 2014

နယူးယောက်ခ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အအုံနှစ်လုံး ပြိုကျ


အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ မက်ဟင်တန်အထက်ပိုင်းတွင် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (မတ်လ ၁၂ ရက်) နံနက် ၉း၃၀ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အအုံနှစ်လုံး ပြိုကျခဲ့သည်။

အဆောက်အအုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး ဒဏ်ရာရရှိသူများလည်းရှိကြောင်း New York Times သတင်းဖော်ပြသည်။ ကနဦးသတင်းများအရ ပေါက်ကွဲမှုမှာ အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်းမရှိဘဲ ဂက်စ်ပေါက်ကွဲခြင်းသာဖြစ်ကြောင်း သိရှိရသည်။
Planet Myanmar Network