Wednesday, March 26, 2014

၈၈မျိုးဆက်ခေါင်းဆောင်များကို ပုဒ်မ၁၈ဖြင့် ပခုက္ကူရဲစခန်းမှ အမှုဖွင့်ခံရ


26 March 2014
၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များဖြစ်သည့် ကိုပြုံးချို၊ မနီလာသိန်း၊ မမီးမီး
နှင့်ပခုက္ကူနယ်ခံ ကိုသန်းနိုင်တို့ကို ခွင့်ပြုမိန့်မရရှိဘဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်
ဆန္ဒပြခဲ့သောကြောင့် ပခုက္ကူမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးဝင်းလှိုင်က မတ်လ ၂၆ရက်တွင် ပုဒ်မ
၁၈ဖြင့် အမှုဖွင့် အရေးယူ လိုက်ကြောင်း ကာယကံရှင်များက မြန်မာတိုင်းသို့ပြောဆိုသည်။

"တစ်နိုင်ငံလုံးအတိုင်းအတာခွင့်ပြုချက်တွေနဲ့ လုပ်နေတဲ့ကိစ္စမှာ မကွေးတိုင်းဒေသကြီးတစ်ခု
တည်း ခွင့်မပြုခြင်းဟာ တစ်စုံတစ်ရာမှားယွင်းနေပြီ၊ ချုပ်ကိုင်နေပြီလို့ ကျွန်မအနေနဲ့သုံးသပ်
မိတယ်"ဟု ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးကပြောသည်။

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပခုက္ကူမြို့ခံများပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်
ဆင်ရေး ဆန္ဒပြခွင့်နှင့်ပတ်သက်ပြီး ပခုက္ကူမြို့နယ်ရဲစခန်းသို့ မတ်လ ၁၇ရက်တွင်ခွင့်ပြုမိန့်တင်ခဲ့
သော်လည်း ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်စာကို မတ်လ ၂၀ရက်တွင် အကြောင်းကြားကြောင်း
ပခုက္ကူ ၈၈မျိုးဆက် ကိုသန်းနိုင်ကပြောသည်။

မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီထွန်းကားရေးအတွက် အတွေ့အကြုံကြွယ်ဝသူများ၊ ပါတီ
ခေါင်းဆောင်များ၊တိုင်းရင်းသားကိုယ်စားလှယ်များက အမျိုးသားညီလာခံကျင်းပကာ အခက်
အခဲကြားမှ ရေးဆွဲကာ ပြည်သူ့ဆန္ဒခံယူပွဲဖြင့်အတည်ပြုထားခြင်း၊ လွှတ်တော်တွင် ပြင်ဆင်ရေး
ကော်မတီဖွဲ့ကာ ဆောင်ရွက်နေဆဲကာလဖြစ်ခြင်း စသည့်အချက်များပါဝင်သည့် ခွင့်ပြုရန်
ငြင်းပယ်သည့် အမိန့်ကို မတ်လ ၂၀ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ၈၈မျိုးဆက်ခေါင်းဆောင်များ
ကပြောသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် ခွင့်မပြုရခြင်းနှင့်ပတ်သက်ပြီး ပခုက္ကူ မြို့မရဲစခန်းကိုမေးမြန်းခဲ့ရာ
မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့်သာ သက်ဆိုင်သဖြင့် မသိရှိကြောင်းဖြေကြားခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး
ကိုထပ်မံဆက်သွယ်မှုမရရှိခဲ့ပေ။ ခွင့်ပြုမိန့်မရသော်လည်း ၈၈မျိုးဆက်မှဦးဆောင်ကာ အခြေခံ
ဥပဒေပြင်ဆင်ရေး ဟောပြောပွဲများနှင့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၂၆ရက်နေ့
နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ခေါင်းဆောင်များကို ပခုက္ကူမြို့နယ် ရဲစခန်းမှ
ခေါ်ယူတွေ့ဆုံကအရေးယူထားကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မကွေးတိုင်းသူတိုင်းသားတွေမှာ ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်
လည်ခွင့် အခွင့်အရေးလေးကိုမျှ၊ သူများတွေနဲ့ တန်းတူညီမျှတဲံ အခွင့်အရေးလေးကိုတောင်
ရမနေဘူးလို့ခံစားနေရပါတယ်"ဟု ပခုက္ကူ ၈၈မျိုးဆက် ကိုသန်းနိုင်ကပြောသည်။

မကွေးတိုင်းဒေသကြီးတွင်ရှိသော အစိုးရအာဏာပိုင်များမှာ အခြားတိုင်းဒေသကြီးများနှင့်မတူဘဲ
ပြုပြင်ပြောင်းလဲရေးတွင် ခေတ်နောက်ကျနေဆဲဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးဝန်ကြီး
ဦးအောင်မင်း က မတ်လ ၂၂ရက်က မကွေးတိုင်းလူငယ်များကို ပြောဆိုထားသည်။
ဝလုံး
မြန်မာတိုင်း(မ်)