Friday, February 28, 2014

Mozilla မှ ၂၅ ဒေါ်လာတန် ဟန်းဆက်များ ထုတ်လုပ်မည်

Firefox Browser ကို ထုတ်လုပ် ခဲ့သည့် Mozilla ကုမ္ပဏီက ကမ္ဘာပေါ် တွင် စမတ်ဖုန်း သုံးစွဲမှုမြင့် တက်နေခြင်းကြောင့် (၂၅) ဒေါ်လာတန် ဟန်းဆက် များကို ထုတ်လုပ် မည်ဖြစ်ကြောင်း ရှေ့ ပြေးပုံစံကို ထုတ်ဖော်ပြ သပြီး ကြေညာ လိုက်သည်။

Mozilla ကုမ္ပဏီက တရုတ်နိုင်ငံ မှ Chip ထုတ်လုပ်သည့် Spreadtrum ကုမ္ပဏီနှင့် ပူးပေါင်းကာ တန်ဖိုးနည်း ဟန်းဆက်ကို ထုတ်လုပ်ရန် လုပ်ဆောင် နေခြင်းဖြစ် သည်။

တန်ဖိုးကြီး ဟန်းဆက်များနှင့် ယှဉ် ပြိုင်နိုင်မည့် အရည်အသွေး မရှိသော် လည်း အက်ပလီကေးရှင်း များကိုသုံးနိုင် မည်ဖြစ်သလို မိုဘိုင်းလ် အင်တာနက် စနစ် ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Firefox OS ကိုအသုံးပြု မောင်းနှင်မည့် တန်ဖိုးနည်း စမတ်ဖုန်း များကို လတ်တလောတွင် တန်ဖိုးနည်း ဟန်းဆက် များကို အသုံးပြုနေသူ များ ဝယ်ယူသုံးစွဲကြ လိမ့်မည်ဟု လေ့လာသူ များက သုံးသပ် ထားကြသည်။

ဈေးကွက်တွင် လက်ဦးမှု ရယူနိုင် လိမ့်မည်ဟု Mozilla ကုမ္ပဏီက မျှော် မှန်းထားပြီး ဘာစီလိုနာမြို့တွင် ကျင်းပမည့် Mobile World Congress တွင် ပွဲထုတ် တင်ဆက်ပြသဖွယ် ရှိနေသည်။ Spreadtrum ကုမ္ပဏီကလည်း Mozilla မှထုတ်လုပ်မည့် တန်ဖိုးနည်းစ မတ်ဖုန်းကို အသုံးပြုပြီး အင်တာနက် သုံးနိုင်မည် ဖြစ်သဖြင့် သုံးစွဲသူများ ငွေကုန်ကြေးကျ နည်းပါးမည်ဖြစ်သလို တန်ဖိုးနည်းဖုန်း ဆိုသည့် အဓိပ္ပာယ်ကို ပြန်လည် သတ်မှတ်ပေးနိုင်လိမ့်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

Mozilla ၏ တန်ဖိုးနည်းဖုန်းက တန်ဖိုးကြီးဖုန်း များဖြစ်သည့် iPhone နှင့် Samsung ဟန်းဆက်များကို ကန် ထရိုက် စနစ်ဖြင့် စာချုပ်ချုပ်ပြီး အသုံးပြု သူများ အတွက် အဓိက မကျနိုင်သလို ပြိုင်ဘက် လည်း ဖြစ်လာမည် မဟုတ် ကြောင်း လေ့လာ သူများက သုံးသပ်ကြ သည်။

Mozilla ကုမ္ပဏီက လက်ရှိတွင် တန်ဖိုးနည်း ဖုန်းထုတ်လုပ်ရန်ပြင်ဆင် နေ သလို Huawei ၊ ZTE တို့နှင့်ပူး ပေါင်းပြီး တန်ဖိုးမြင့် ဟန်းဆက်များကို ထုတ်လုပ်နေသည်။
Popular Myanmar News Journal