Wednesday, February 12, 2014

ကလေးငယ်တစ်ဦး လှံထိမှန်သေဆုံး

ဖေဖော်ဝါရီ ၁၂၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နေအိမ်အတွင်း အိပ်ပျော်နေသည့် ကလေးငယ်တစ်ဦး လှံထိမှန်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်တွင် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်၊ ရွာထောင် ကျေးရွာတွင် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

အမှုမှာ ရွာထောင်ကျေးရွာနေ ကိုသောင်းထွန်း (၂၉)နှစ်သည် လှံကိုင်၍ နေအိမ်မှထွက်လာခဲ့ပြီး တစ်ရွာ တည်းနေ ကိုသန်းဇော်နေအိမ်ရှေ့အရောက်တွင် အိမ်ထရံ၌ ကပ်ပြီးတင်ထားသည့် ရေအိုးအား လှံဖြင့် လက်တည့်စမ်း ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ထိုသို့ပစ်ခက်လိုက်ရာ ရေအိုးအားမထိဘဲ အိမ်ထရံအား ဖောက်ဝင်၍ အိမ်ထဲရှိ ထရံအနီးတွင် အိပ်ပျော် နေသည့် မျိုးမင်းခိုင် ( ၆ )နှစ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် လယ်ကိုင်းနယ် မြေ ရဲစခန်းက အတည်ပြုထားသည်။

ထို့ကြောင့် ကလေးငယ်မှာ နောက်ကျောဝဲဘက်လက်ပြင်အောက်၌ စူးနစ်ဒဏ်ရာ ရရှိပြီးသေဆုံးသွားခြင်းလည်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် လှံအား မဆင်မခြင် ပေါ့ဆစွာအသုံးပြုသူ သောင်းထွန်းအား လယ်ကိုင်းနယ်မြေ ရဲစခန်းက (ပ) ၁၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄ ကဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေး နေသည်ဟု ဆိုထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese