Monday, February 10, 2014

မီဒီယာများ လျစ်လျူရှုခံခဲ့ရသည့် ရွှေပြည်သာ အမျိုးဘာသာ သာသနာ အင်အားပြပွဲ တစ်သိန်းကျော် တက်ရောက်




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရှိ သရဖီကွင်းတွင် ပုဒ်မ ၅၉(စ)ထောက်ခံပွဲ ကျင်းပခဲ့ရာ ပြည်သူလူထု အင်အား တစ်သိန်းကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရွှေသရဖီကွင်းတွင် ပြုလုပ်ခဲ့သော အခမ်းအနားနှင့်ပတ်သက်၍ ပြည်တွင်း မီဒီယာများတွင် အထူးပြုဖော်ပြခြင်း မရှိခဲ့ဘဲ မန္တလေးမြို့တွင်း လူ ၂၀ ကျော် တက်ရောက်ခဲ့သည့် ပုဒ်မ ၅၉(စ)ဆန့်ကျင်သည့် အခမ်းအနားကိုမူ အလေးပေး ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရဟန်းရှင်လူ ပြည်သူများ အင်အားများပြားစွာ တက်ရောက်ခဲ့သည်မှာ မကြုံစဖူး ထူးကဲလှသော ဖြစ်စဉ် ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးက ပြောဆိုသည်။

ယင်းအခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ပြည်သူများသည် ပုဒ်မ ၅၉(စ) ထောက်ခံကြောင် လက်မှတ်ရေးထိုးခဲ့ရာတွင် ကြိတ်ကြိတ်တိုး များပြား ခဲ့ကြောင်း လက်မှတ်ကောက်ခံခဲ့သူတစ်ဦးက ပြောသည်။

"ပြည်သူတွေကတော့ဗျာ။ တစ်ကယ့်ကိုပဲ မယုံနိုင်စရာပါ။ ကျွန်တော်ကပြောတယ်။ ခင်ဗျားတို့ ဒါကို လက်မှတ်ထိုးလို့ ဘာမှတော့ ရမှာ မဟုတ်ဘူးနော် ဆိုတော့ သူတို့က ပြန်ပြောတယ်။ ဘာပြောတယ်။ ဒီမှာ မှတ်ထား အနာဂါတ်အမျိုးဘာသာသာသနာအတွက် ရင်အေးရအော င်လာတာ။ စပွန်ဆာနိုင်ငံရေးသမားတွေမှတ်လို့လား။ အမျိုးသားရေး သွေးနွေးနေတဲ့ ကိုယ့်ထမင်း ကိုယ်စား ကိုယ့်စားရိတ်နဲ့ ကိုယ်လာတဲ့ အမျိုးကိုထိရင်မချိအောင်နာတက်ကြတဲ့သူတွေဆိုတာ
မှတ်ထား ဆိုပြီး ပြန်ပြောတာလဲ ရှိတယ်။ ကျွန်မတို့က အမျိုး ဘာသာ သာသနာအတွက် လက်မှတ်ထိုးပြီး မှတ်တမ်းတင်တာ ဆိုပြီး ပြန်ပြောကြတယ်။ စိတ်ဓါတ်တွေကတော့ ရဲရဲတောက်ပါပဲဗျာ" ဟု ၄င်းက ပြောဆိုသည်။

"မြန်မာနိုင်ငံက မီဒီယာတွေကို အပြစ်မပြောပါဘူး။ သူတို့က ဒေါ်စုနဲ့ပဲ လုပ်စားနေကြရရှာတာ။ ဒီတော့ ဒေါ်စု ငြိုငြင်မှာ စိုးရိမ်ကြမှာပေါ့ဗျာ။ ကျွန်တော်တို့က နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ မတုံးဘူး၊ မအဘူး ဆိုတာတော့ ဒီပွဲက သက်သေပြနေပါတယ်။ မီဒီယာမှာ ပါဖို့ ကျွန်တော်တို့ လုပ်ခဲ့တာမှ မဟုတ်ဘဲ။ လူထု သဘောထားကို ပြတ်ပြတ်သားသား ပြသနိုင်ဖို့ လုပ်ခဲ့တာ။ ပြည်သူဆိုတာ လူတစ်စုကို ပြောတာ မဟုတ်ဘူး ဆိုတာ ဒီပွဲက အထင်အရှား ပြသလိုက်တာပါပဲ" ဟု တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

ယင်းအခမ်းအနားသို့ မန္တလေးမြို့မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်း နာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာ တော် ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ အရှင်ဝီရသူက အမျိုးသားရေးသ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အရှင်ဝီရသူ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသော အကြောင်းအရာများမှာ " အမျိုးသားရေးဆိုတာ ဥာတတ္ထစရိယလမ်းစဉ်ဖြစ်ပါတယ်။ ဘုရားလောင်းလမ်းစဉ်ဖြစ်သလို ဘုရားဖြစ်ရာဘဝမှာ လည်း ကိုယ်တော်တိုင် ကျင့်သုံးခဲ့တဲ့ မွန်မြတ်တဲ့ လမ်းစဉ်ကြီးတစ်ခုဖြစ်ပါတယ်။ ပါရမိ(၁၀)ပါးလုံးဟာ ဥာတတ္ထစရိယ အမျိုးသားရေးလမ်းစဉ်ထဲမှာ အကျုံးဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားရေးဝါဒီများဟာ စပွန်ဆာမဲ့သူများဖြစ်လို့ အိပ်စိုက် သာသနာပြုရတိုင်း ဒါနပါရမီ ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။

လူ့ကျင့်ဝတ် သိက္ခာတွေကို စောင့်ထိန်းရတာဖြစ်လို့ သီလပါရမီဖြည့်ဆည်းရာရောက်ပါ တယ်။ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုမှတ်တမ်းတွေကို၊ ဘွဲထူးဂုဏ်ထူး တွေ မျှော်လင့်စရာမရှိဘဲ ပေးဆပ်ကြရတာဖြစ်လို့ နိက္ခမ ပါရမီဖြည့်ဆည်းရာရောက်ပါတယ်။ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများမှ ရရှိ သော အချက်အလတ်များကို အခြေခံပြီး မဇ္ဈိမကျအောင် စဉ်းစား တွေးခေါ် မြော်မြင်ကြည့်ရတာဖြစ်လို့ ပညာပါရမီဖြည့်ဆည်းရာ ရောက်ပါတယ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အားထုတ်မှုမှန်သမျှတိုင်းဟာ ဝီရိယပါရမီ ဖြစ်ပါတယ်။ လက်ညှိုးဒဏ်၊ မျက်စောင်းဒဏ်၊ မေးငေါ့ခြင်းဒဏ်၊ လက်ထိပ်ဒဏ် စတာတွေကို ခံနိုင်ရည်ရှိကြလို့ ခန္တီပါရမီ ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ရပ်တည်မှု မှန်ကန်ကြတာဖြစ်လို့ သစ္စာပါရမီ ဖြည့်ဆည်းရာရောက်ပါ တယ်။

နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးလွန်းလို့ အမျိုးသား အကျိုး စီးပွားဖြစ်အောင် ဆောင်ရွက်ကြတာဖြစ်လို့ မေတ္တာပါရမီ ဖြည့်ဆည်းရာ ရောက်ပါတယ်။ အမျိုးစောင့်ဥပဒေ မုချ ပေါ်ထွန်းစေရမည်။ အမျိုး ဘာသာ သာသနာ ထာဝရ လုံခြုံစေရမည်ဟူသော ခံယူချက်ကြောင့် အဓိဋ္ဌာန်ပါရမီ ဖြည့်ဆည်းရာရောက်ပါတယ်။ အမျိုးသားရေးအင်အားစုကြီး ဟာ အစွဲကင်း၊ အမှီအခိုကင်းသော အဖွဲ့အစည်းကြီးဖြစ်သည်အားလျော် ချစ်သူကို သာစေ၊ မုန်းသူကို နာစေဟူသော မလိုတမာ လိုသကာ စိတ်ထား မျိုး လုံးဝမရှိဘဲ အမျိုးသားရေးလမ်းကြောင်း မတိမ်းစောင်းအောင် ထိန်းကျောင်းနေခြင်းဖြစ်သောကြောင့် ဥပေက္ခာပါရမီ ဖြည့်ဆည်းရာရောက် ပါတယ်။ ဒါကြောင့် ပါရမီလမ်းစဉ်၊ ဘုရားလောင်းလမ်းစဉ်၊ မြတ်စွာဘုရား ကျင့်စဉ်ဖြစ်သော ဥာတတ္ထစရိယလမ်းစဉ်ကို လျှောက်လှမ်းကြသော ရဟန်းရှင်လူ ပြည်သူအားလုံးကို ကြည်ညိုမဆုံး ဖြစ်ရပါတယ်။

အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာတာကို အာဏာရှင်ဝါဒ သက်ရောက်နိုင်တယ် ထင်ပြီး ကြံဖန်တွေး တော ပူပန်နေကြသူများကို ပြောချင်ပါတယ်။ နာဇီ ဆက်ဆစ်တို့ရဲ့ အမျိုးသားရေးဝါဒ အာဏာရှင် ဘဝကျရောက်သွားတာ လက်နက်ကိုင် အမျိုးသားရေး တပ်ဖွဲ့ကြီးဖြစ်နေလို့ပါ။ ယခု သံဃာတော်များ ဦးဆောင်တဲ့ အမျိုးသားရေး အင်အားစုကြီးက ကလောင်ကိုင် တပ်ဖွဲ့ကြီး ဖြစ်တာကြောင့် အာဏာရှင်ဝါဒဘက်ကို ဆံပင်တစ်မျှင် စာလေးတောင် မရောက်စေရဘူး စိတ်ချလက်ချ ယုံကြည်ထားလိုက်ပါလို့ပဲ ပြောချင်ပါတယ်။

အမျိုးသားရေးအင်အားစုကြီးဟာ တစ်ပါတီ အာဏာရှင်ရော၊ လက်နက်ကိုင်အာဏာရှင်ကိုပါ လုံးဝမလိုလား သော ပြည်သူ့ဘက်တော်သား စစ်စစ်များဖြစ်ကြောင်း အပြည့်အဝ အာမခံပါတယ်။ အစိုးရလည်း အမှားမကင်းနိုင်ပါဘူး။ ပါတီတွေလည်း အမှားမကင်းနိုင်ပါဘူး။ အာဏာယဇ်မူးသည့် မည်သူ မဆို၊ ဒေါ်လာ စပွန်ဆာ ယဇ်မူးသည့် မည်သူမဆို နိုင်ငံကို လည်း ရောင်းစားနိုင်ပါ တယ်။ လူမျိုးကိုလည်း သစ္စာဖောက်နိုင်ပါတယ်။ အမျိုး ဘာသာ သာသနာ ပျက်စီးရာ ပျက်စီးကြောင်းလည်း လုပ်နိုင်ပါတယ်။ ဒီလို ဖောက်ပြန်ရေးသမားများကြောင့် ပြည်သူများ မထိခိုက် မနစ်နာရအောင် အစိုးရရော ပါတီတွေပါ မတိမ်းစောင်းအောင် ထိန်းကျောင်းသွားမည့် အမျိုးသားရေး အင်အားစုကြီးဖြစ်ကြောင်း ထပ်လောင်း ကြေညာအပ်ပါတယ်။ လူတိုင်း လူတိုင်း ကိုယ့်လူမျိုး မပျောက်ပျက်အောင် စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ်။ ကိုယ့်သာသနာကို မကွယ်ပအောင် စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ်။ ကိုယ့်နိုင်ငံ မပျက်စီးအောင် စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ်။

ဒါကြောင့် လူတိုင်း လူတိုင်း အမျိုးသားရေး တာဝန်များ ကျေပွန်အောင် စီးပွားရေးလုပ်လည်း အမျိုးသား အကျိုး စီးပွားအတွက်ပဲ လုပ်ပါ။ ပညာရေးလုပ်လည်းအမျိုးသား အကျိုးစီးပွား အတွက်ပဲ လုပ်ပါ။ ဘာသာရေးလုပ်လည်း အမျိုးသား အကျိုးစီးပွားအတွက်ပဲ လုပ်ပါ။ သာသနာရေးလုပ်လည်း အမျိုးသား အကျိုးစီးပွားအတွက်ပဲ လုပ်ပါ။ နိုင်ငံရေးလုပ်လည်း အမျိုးသား အကျိုးစီးပွားအတွက်ပဲ လုပ်ပါ။ အနိမ့်ဆုံးအနေနဲ့ အိမ်ထောင်ပြုရင်တောင် အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ် ပြုနိုင်ရပါမယ်။ ဘာပဲလုပ်လုပ် အမျိုးသား အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါစေ……။ လက်ညှိုးနှင့် လက်ခုပ် လက်အုပ်နှင့် လက်သီး တို့ကို တူညီသော လောကဓံတရားများအဖြစ် ခံယူကျင့်သုံးနိုင်ကြ ပါစေ" ဟူ၍ ဖြစ်ကြောင်း သိရသည်။
P-973012943
ပြည်သူ့အာဏာ