Monday, February 3, 2014

အရှိန်မထိန်းနိုင်ဘဲ တံတားအားဝင်တိုက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၃
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၇၄/၅-၆)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ရာ ရန်ကုန်မှမန္တလေးသို့ မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ကွက်နေ အောင်ချစ်(၅၁)နှစ် မောင်းနှင်လာသော 5F/------ လိုက်ထရပ် အပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရေပုတ်တောင် တံတားအားကာရံထား သည့် တိုင်များအား ဝင်ရောက်တိုက်မိပြီး တံတားပေါ်၌ တစောင်းတိမ်းမှောက် နေသည်ကိုတွေ့ရှိရသည်။

ထိုသို့တိမ်းမှောက်မှု ကြောင့် အောင်ချစ်တွင် ခါးနာကျင်ဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ အနက် တစ်ရပ်ကွက်တည်းနေ ဒေါ်နုနုအေး(၅၀)နှစ်တွင် ခါးနာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ညောင် ကုန်းတိုက်နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 5F/----- ယာဉ်မှာ ရှေ့ဦးခေါင်းပိုင်း တွန့်ကြေ၊ ရှေ့လေကာမှန် ကွဲ၊ ဘော်ဒီပိန်ချိုင့်၊ တန်ဘိုးငွေကျပ် (၁၅)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အောင်ချစ်အား ပေ ပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar