Monday, February 10, 2014

မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော ဂျာမနီသမ္မတ ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမြော်

မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော ဂျာမနီသမ္မတက ခရီးစဉ်၏ပထမဆုံးရက်တွင် ရွှေတိဂုံစေ တီတော်ရင်ပြင်၌ နိုင်ငံတကာမီဒီယာများကို ဖြေကြားနေစဉ် ဓာတ်ပုံ - စိုးသန်းဝင်း/အေအက်ဖ်ပီ
ရန်ကုန် Monday, February 10, 2014
နှစ်ပေါင်း ၂၈ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဂျာမနီနိုင်ငံသမ္မတ Joachim Gauck သည် ညနေပိုင်း၌ ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ လေးရက်ကြာလာရောက်သော ဂျာမနီနိုင်ငံသမ္မတသည် ပထမနေ့တွင် ရွှေတိဂုံစေတီသို့ တက်ရောက်ဖူးမြော်ခြင်းဖြစ်ပြီး ဒုတိယနေ့တွင် နေပြည်တော်သို့ သွားရောက်၍ သမ္မတဦးသိန်း စိန်၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဂျာမနီသမ္မတသည် ဖေဖော်ဝါရီ ၁၁  ရက် တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။
နေလင်းထွန်း
7Day Daily