Thursday, February 27, 2014

စိတ်ကြွဆေး သိန်းလေးရာကျော်ဖိုးဖမ်းမိ

မန္တလေး၊ ဖေဖော်ဝါရီ ၂၈။
မန္တလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါးများ ပြန်လည်ရောင်းချနေသူအား စိတ်ကြွဆေးအပြား ကိုးထောင်ကျော်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မူးယစ်ဆေးဝါးများလိုက်လံရောင်းချနေသည်ဆိုသော သတင်းအရ မူးယစ်တပ်စု(၁၇)မှ ရဲအုပ်ကျော် စိုးလင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ၂၆ရက်နေ့ ညနေတွင် ရောင်းချသူတည်းခိုနေသည့်—ဟိုတယ်သို့ ဝယ်လက်အသွင်ဖြင့် သွားရောက်ခဲ့သည်။ ယင်းနောက် ၎င်းအားဖမ်းဆီးပြီး ရှာဖွေစစ်ဆေးရာ ၎င်းသည် တန့်ယန်းမြို့နယ်၊ နမ်လောင်းကျေးရွာမှ အဘ ဦးဇကုလ်၏သား ကပ်လျန်(ခ)ရာကပ်လျန် ဖြစ်ကြောင်း၊ ၎င်းနေထိုင်သည့်မြို့မှဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး (  )ဟိုတယ် အခန်း၂၀၄တွင် တည်းခိုခဲ့ကြောင်း သိရသည်။

၎င်းနောက်ကပ်လျန်(ခ)ရာလ်ကပ်လျန်လွယ်ထားသည့် အိတ်အနက်အား ရှာဖွေရာ တိတ်အဝါဖြင့်ပတ်၍ အနက်ရောင် ကြွတ်ကြွတ်အိတ်ဖြင့် ထုတ်ထားသည့် အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် တစ်ပြားလျှင် အလေးချိန်(၀.၁)ဂရမ်စီရှိ 88နှင့်1စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား၂၀၀ပြားစီထည့်ထားသည့် ၄၄ထုပ်(၈၈၀၀)ပြား၊ အပြား(၁၈၀)စီပါသည့် အထုပ်(၆)ထုပ် (၁၀၈၀)ပြား၊ စုစုပေါင်းအထုပ်(၅၀)၊ (၉၈၈၀)ပြား၊ အလေးချိန်(၉၈၈)ဂရမ်၊ (ဒေသပေါက်ဈေး ဆေးပြားတစ်ပြားလျှင်၅၀၀၀ကျပ်နှုန်းဖြင့် ၄၉၄၀၀၀၀၀ကျပ်)၊ ၀၉-၄၇၃၀—နံပါတ်ပါQLink အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ၎င်းစီးနင်းလာသည့် ၃၄ယ/—–V-Anboအမျိုးအစား ၁၂၅ဆိုင်ကယ်တို့အား သိမ်းဆည်းခဲ့ သည်။

နောက်၎င်းအားစစ်ဆေးမေးမြန်းခဲ့ရာ ဆိုင်ကယ်မှာ ၎င်း၏တူဖြစ်သူထံမှ ငှားရမ်းစီးနှင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ မူးယစ်စိတ်ကြွဆေးပြားများမှာ မိုင်းရှုးမြို့နယ် တာဟိုးကျေးရွာနေ တရုတ်လူမျိုး မောင်မောင် ဝင်း(စိစစ်ဆဲ)ထံမှ တစ်ထုပ်လျှင်(နှစ်သိန်းနှုန်း)ဖြင့်ကျပ်သိန်း(၁၀၀)ပေး၍ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းကြောင့်ရဲအုပ်ကျော်စိုးလင်းမှ တရားလိုပြုလုပ်ကာ ကပ်လျန်(ခ)ရာလ်ကပ်လျန်နှင့် မောင်မောင် ဝင်းတို့အား မမစ(ချမ်းအေးသာစံ) မယ(ပ)၂/၂၀၁၄မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေး ယူထားပြီး မောင်မောင်ဝင်းကို ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
လူလူ
မြန်မာ့ခေတ်