Thursday, February 13, 2014

ကျဆုံးသွားသော ABSDF မြောက်ပိုင်း ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်နေ့)က ကျင်းပ

ကျဆုံးသွားသော ABSDF မြောက်ပိုင်း ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနားကို မန္တလေး မြို့တော် ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန် အတွင်းရှိ မြဝတီမင်းကြီး ကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်နေ့)က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဂဠုန်နီနှင့် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က ဂုဏ်ပြုစကား မိန့်ကြားပြီး ABSDF မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများ ဖြစ်ကြသော ဦးခင်မောင်ဝင်းနှင့် ဦးအုန်းကြိုင်တို့က အောက်မေ့ဖွယ် စကားများ ပြောကြားသည်။ ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမောင်မောင်လွင်ကလည်း ယခုကဲ့သို့ ABSDF မြောက်ပိုင်း အခမ်းအနားများကို မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်းများ ရှိရာ နယ်မြို့များတွင် အလှည့်ကျ ကျင်းပသင့်ကြောင်း အကြံပြု ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့ကြသော ကျောင်းသားရဲဘော်များကို အလေးပြု ဂုဏ်ပြုခဲ့ကြသည်။
The Voice Weekly