Thursday, January 9, 2014

စတီးဖြင့်(steel) ပြုလုပ်သော စေတီပုထိုးများ တည်ထားကိုးကွယ်ရန် မှာယူသူများလာ

မြန်မာပြည်တစ်လွှားတွင် ရှေးယခင်က စေတီတော်များကို အုတ်များကိုအင်္ဂတေများဖြင့် တည်ထား ကိုးကွယ်ကြသည်။ ထိုသို့ တည်ထားကိုးကွယ်ရာတွင် နှစ်ကာလရှည်ကြာလာသည့်နှင့် ရာသီဥတု ဒဏ်၊ သဘာဝဘေးဒဏ်များကြောင့် ပျက်စီးဆုံးရှုံးသည်။ ယနေ့အချိန်တွင် မြန်မာမှုနယ်ပယ်တွင် စေတီပုထိုးများ ကို နှစ်ကာလကြာရှည်ခံခြင်း၊ ရာသီဥတုဒဏ်တို့ကို ခံနိုင်သည့် စတီးဖြင့် ပြုလုပ် ထားသော စေတီတော် များထုတ် လုပ်လာသဖြင့် မှာယူတည်ထားမှုများ ရှိလာကြောင်း သိရသည်။

ထိုသို့ စတီးဖြင့် စေတီတော်များ အသင့်ထုတ်လုပ်သော Stainless Steel & Decoration မှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်ဆီ က ရွှေတိဂုံစေတီတော်နှင့် ဆူးလေစေတီတော် ပုံစံတူ ရွှေရောင်စတီး၊ ငွေရောင် စတီးနှင့် စတီးရိုးရိုး
(၉)ပေကို ငွေကျပ်(၄၅)သိန်း၊
(၁၃)ပေခွဲကိုငွေကျပ် (၇ဝ)သိန်း၊
(၁၅)ပေကိုငွေကျပ် (၈၅)သိန်း၊
(၁၉)ပေကို ငွေကျပ်သိန်း(၁၄ဝ)၊
(၂၇)ပေ ငွေကျပ်(၁၇ဝ) သိန်း၊
(၃၂)ပေကို ငွေကျပ် (၃၂ဝ)သိန်း၊
(၃၅)ပေကို ငွေကျပ်သိန်း(၄ဝဝ)၊
(၆ဝ)ပေကို ငွေကျပ်(၇၅ဝ)သိန်း တို့ဖြင့် ရောင်းချပေး ပါကြောင်း” ဖြင့် ရှင်းလင်းပြောကြားသည်။
စတီးဖြင့် ပြုလုပ်သော ဥာဏ်တော်(၃၇)ပေရှိ ရွှေရောင်စေတီ တစ်ဆူနှင့် ငွေရောင်စေတီ (၁)ဆူ၊ (၂၇)ပေ ဉာဏ်တော်အမြင့်ရှိ ကြေးရောင်စေတီတော်တစ်ဆူစီအား ဆင်ပေါင်ဝဲ မြို့နယ်အတွင်းမှ မှာယူ ထား ကြောင်း သိရသည်။
MOI Webportal Myanmar