Monday, January 20, 2014

လင်းဇာနည်ဇော် အသက်အန္တရာယ်မရှိ၊ ရန်ကုန်SSCတွင် ဆက်လက်ဆေးကုသခံမည်

ရန်ကုန်-ဇန်န၀ါရီ၂၀
ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်းတွင် သရုပ်ဆောင်လင်းဇာနည်ဇော် လိုက်ပါစီးနင်းလာသော ယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော်တဆမှူကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးပါး သွားကြောင်း သတင်းရရှိသည့် ယမန်နေ့ ညနေပိုင်းက သရုပ်ဆောင်လင်းဇာနည်ဇော် ၏အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီး ထံဆက်သွယ်မေးမြန်းရာ သူတို့ လည်း အခင်းဖြစ်ပွားရာသို့  ရန်ကုန်မှသတင်းရရခြင်း လိုက်ပါသွားနေကြောင်းပြောပြီးနောက် “ကျွန်တော်အခုရောက်တော့မယ် သူ့ ကောင် မလေးတော့ ဆုံးသွား ရှာတယ်” ဟုသေဆုံးသူ အမျိုးသမီးငယ်မှာ သရုပ်ဆောင်လင်းဇာနည်ဇော်နှင့် အတူ ပါသွားခဲ့သူ ဖြစ်ကြောင်း ဒါရိုက်တာမိုက်တီး၏ ပြောကြားချက်အရ သိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွား ရာတွင်တစ်ဦးသေဆုံး၍သရုပ်ဆောင် လင်းဇာနည်ဇော် အပါအ၀င်လူ(၄) ဦး ဒဏ်ရာရရှိခဲ့ပြီးပဲခူးဆေးရုံတွင်ဆေးကုသ မှုခံယူစေကြောင်း“သေဆုံးသူအတွက် အားလုံးစိတ်မကောင်း ဖြစ်နေကြရပါတယ်။ လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှရန်ကုန်ဆေးရုံ
ရွှေ့ပါမယ်”ဟု စိတ်မပူရစေရန်ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။

ယနေ့ မှာဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။

(ညပိုင်းက သတင်းမတင်ခြင်းမှာ လင်းဇာနည်ဇော်၏ မိဘနှစ်ပါး စိုးရိမ်မည်ကို၍သတိပြုခဲ့ ကြခြင်းဖြစ်ပါ သည်။ ယခုတော့ ပရိသတ်အချစ်တော် လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိတော့၍ မိသားစုနှင့်အတူ ပရိသတ်များစိတ်အေးစေရ န်တင်ပြရပါသည်။ ကွယ်လွန်သူ အမျိုးသမီးငယ်အတွက်လည်း မိသားစုများ နှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါ၏-အနုပညာအယ်ဒီတာ)
Popular Myanmar News Journal