Thursday, January 16, 2014

နိုင်ငံကျော် မျက်လှည့်ပညာရှင် မစ္စတော့ပ်နှင့် NLD ရပ်ကျေးဥက္ကဋ္ဌ အကြားမြေကိစ္စ အငြင်းပွားနေ

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက် ဆိပ်ကြီးခနောင်တို ကြိုး တံတားတည် ဆောက်ပြီးနောက် တံတားဘေး ၌မြေနေရာများနှင့်ပတ်သက်၍ နိုင်ငံကျော် မျက်လှည့်ပညာ ရှင် မစ္စတော့ပ်နှင်NLDရပ်ကျေး ဥက္ကဋ္ဌတို့အကြားအငြင်းပွားနေ ကြောင်းသိရသည်။

တွံ့တေးမြို့နယ်နှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်အကြားရှိခနောင် တိုချောင်းကူးကြိုးတံတားကို ၂၀၁၂ ခုနှစ်ဧပြီလအတွင်းက နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့ရာအဆိုပါတံတား စီမံကိန်း ၌ပါဝင်နေသည့်ခြံမြေများ ကိုပြောင်းရွေ့စေခဲ့သည်ဟုသိရ သည်။

ထိုသို့ပြောင်းရွေ့ရာတွင်ပြောင်း ရွေ့ခအဖြစ် သစ်သားအိမ်တစ်လုံး လျှင် ၁၂ သိန်း၊ ၀ါးအိမ်တစ်လုံး လျှင် ၈ သိန်းဖြင့်ပြောင်းရွေ့စေခဲ့ ပြီးတံတားဆောက်လုပ်ပြီးစီးသော အခါတံတားဧရိယာသတ်မှတ်ပြီး ပိုသောခြံမြေ များကိုပိုင်ရှင်များလက် သို့ပြန်လည်ပေးအပ်မည်ဟုသဘော တူညီခဲ့ကြောင်းမျက်လှည့်ပညာရှင် မစ္စတာတော့ပ်ထံမှသိရသည်။

““တံတားစီမံကိန်းပြီးတော့ တာဝန်ရှိသူတွေလာရောက်ကြည့် ရှုတဲ့အချိန်မှာတံတားနဲ့လွတ်တဲ့ မြေတွေ ကိုပိုင်ရှင်တွေလက်ကိုပြန် အပ်ခိုင်းတယ်၊ ဒါကြောင့်ကျွန်တော် ပိုင်တဲ့မြေကိုခြံစည်းရိုးခတ်တဲ့ကိစ္စ မှာပါတီဝင်တွေက လမ်းမြေပါလို့ ပြောတယ်””ဟုမစ္စတာတော့ပ်က ဇန်န၀ါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့MJN၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြား သည်။

တံတားဆောက်လုပ်ရေးများ ပြီးစီး၍သက်ဆိုင်ရာအဆင့်ဆင့် သို့စာတင်ပြီးတောင်းဆိုခဲ့သောကြောင့် တာဝန်ရှိသူများလာရောက်ချိန်တွင် နှုတ်ကတိဖြင့်ပြန်လည်ပေးအပ်သဖြင့် ၎င်းင်း၏ခြံမြေများ ကိုခြံစည်း ရိုးခတ် ရာတွင် NLDရပ်ကျေးအဖွဲ့ဝင် များကလာရောက်တားဆီးရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

““ကျွန်တော်ကအနုပညာရှင် တစ်ယောက်လည်းဖြစ်တဲ့အတွက် လူမုန်းမခံချင်ဘူး၊ တရားနည်းလမ်း မကျဘဲလုပ်နေတာမျိုးတော့လက်မခံ နိုင်ဘူး။ NLDပါတီဝင်တစ်ယောက် အနေနဲ့ ဒီလိုမျိုးတွေလုပ်နေတာ ပါတီရဲ့ဂုဏ်သိက္ခာကျဆင်းစေပါ တယ်””ဟုမစ္စတာတော့ပ်ကဆက် ပြောသည်။

““ဒီမြေကို သူ့မြေပါဆိုပြီး ခြံစည်းရိုးခတ်တဲ့ကိစ်္စကိုရပ်ကွက် ထဲက ပြည်သူ ၉၁ ဦးကလက်မှတ် ထိုးပြီးကန့် ကွက်ထားပါတယ်။ ဒီ မြေဟာနိုင်ငံတော်အစိုးရကပိုင်တဲ့ မြေပါ။ မီးဘေးကိစ္စနဲ့တခြားကိစ္စ တွေမှာအသုံးပြုဖို့ အတွက်ထား ထားတဲ့မြေပါ””ဟုခနောင်တို အနောက်ရပ်ကွက် NLDရပ် ကျေးဥက္ကဋ္ဌဦးမြင့်သန်းကဖုန်းဆက် သွယ်မေးမြန်းမှုအပေါ်ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရတာဝန် ရှိသူများနှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့တိုင်စာများပေးပို့ထား ကြောင်းသိရပြီးနာမည်ကြီးသူပြော တိုင်းလည်းအမှန်တရားမဟုတ်နိုင် ဟုဆိပ်ကြီးခနောင်တိုမြို့နယ် NLDဥက္ကဋ္ဌဦးမိုးဟိန်းကဆိုသည်။
ဇော်မျိုးဦး (မြစ်မခ) 
Hot News Journal