Monday, January 20, 2014

ဆီးချိုရောဂါသည်များအတွက် စမတ်မျက်ကပ်မှန်ကို Google မိတ်ဆက်

18 Jan 2014
Googleသည် ကျန်းမာရေး အထောက်အကူပြု စမတ် မျက်ကပ်မှန် တစ်မျိုးကို စတင်မိတ်ဆက် ပြသလိုက် ပြီ ဖြစ်သည်။ အဆိုပါ မျက်ကပ်မှန်သည် ဆီးချိုဝေဒနာသည်များအတွက် ရည်ရွယ် တီထွင်ထားခြင်းဖြစ်ပြီး တပ်ဆင်ထားသူ၏ မျက်ရည်အခြေအနေကို အမြဲတစေ အနီးကပ် ထောက်လှမ်းနေမည်ဟု ဆိုသည်။ မျက်ရည်တွင် ပါရှိသည့် ဂလူးကို့စ် ပမာဏကို တိုင်းတာနေမည် ဖြစ်သည်။ အကယ်၍ ဂလူးကို့စ် နည်း ပါးလျော့ကျသွားပါက အလွန်သေးငယ်သည့် LED မီးလုံးလေးက လင်းလက်လာပြီး သတိပေးမည်ဟု ဆိုသည်။ ယင်းပရောဂျက်ကို Google၏ နာမည်ကျော် X Lab သုတေသန ဌာနတွင် အကောင်အ ထည်ဖော် တီထွင်ခဲ့ခြင်းဟု သိရသည်။

Google အနေဖြင့် ကွန်ပျူတာ နည်းပညာ ထည့်သွင်းထားသည့် မျက်မှန်များ တီထွင်ခြင်းကြောင့် လူသိ များပြီး ဖြစ်သော်လည်း ယင်းအဆင့်ထက် ပိုမို၍ တိုးမြှင့် ဖန်တီးမှု ပြုလုပ်လာခြင်း ဖြစ်သည်။ Googleက လတ်တလောတွင် ခန္ဓာကိုယ်ရှိ ဂလူးကို့စ် ပမာဏကို တိုင်းတာရုံသာ လုပ်ဆောင်နိုင်သေးသော် လည်း အဆိုပါ စမတ်မျက်ကပ်မှန်ကို အခြား အချက်လက်များအတွက်ပါ ထောက်လှမ်းနိုင်ရန် မွမ်းမံမြှင့်တင်သွား မည်ဟု ပြောကြားထားသည်။ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါသည် အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်လာပြီး လူ(၁၉)ဦးတွင် (၁)ဦးသည် ဆီးချိုဝေဒနာသည် ဖြစ်နေကြောင်း Googleက ယခုစမ်းသပ်ချက်အကြောင်း ရေးသားထားသည့် Blogတွင် ထည့်သွင်း ဖော်ပြထားသည်။

"ခန္ဓာကိုယ်ထဲက သကြားပမာဏကို မထိန်းချုပ်နိုင်တာဟာ လူတွေအတွက် အန္တရာယ် တစ်ခုပါပဲ။ တချို့ က ရေတိုကာလမှာတင် ထိခိုက်မှု ခံစားရတယ်။ ရေရှည်အကျိုးသက်ရောက်မှုတွေလည်း ရှိပါသေးတယ်။ မျက်လုံး၊ ကျောက်ကပ်နဲ့ အသည်းတို့မှာ ထိခိုက်ပျက်စီးစေတာမျိုးတွေပါ"ဟုလည်း ဖော်ပြထားသည်။ Google၏ စမတ်မျက်ကပ်မှန် ပရောဂျက်ကို ပူးတွဲထူထောင်သည့် ဘရိုင်ယန်အောတစ်နှင့် ဘာဘက်ခ် ပာဗစ်ဇ်တို့က ယခုနည်းပညာကို အနာဂတ်ကာလတွင် သာမန်သဘောမျိုး လူအများစု အသုံးပြုသည့် အဆင့်ထိ ကျယ်ပြန့်လာစေလိုကြောင်း ပြောကြားသွားခဲ့သည်။
Planet Myanmar Network