Thursday, January 23, 2014

လေးပွင့်ဆိုင် ဆွေးနွေးရေးအပေါ် ကြိုဆိုပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ပြော

နေပြည်တော်- ဇန်န၀ါရီ ၂၃
ပြည်ထောင်စုလွှတ်တော်နာယက က ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် လေးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေး ရေးဆိုင်ရာ ကိစ္စရပ်အပေါ် ကြိုဆိုပါကြောင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်း(၁၀၀၀) သုံးစွဲခြင်းသည် မဲဆွယ်ခြင်းမဟုတ်ဘဲ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက် ကို ဆောင်ရွက်ပေးခြင်း သာဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းသည် ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာသမားများ အား တွေဆုံ၍ မေးမြန်းချက် များကို ပြန်လည်ဖြေကြားသည်။ တွေဆုံပွဲတွင် တက်ရောက်လာကြသည့် မီဒီယာသမားများက လွှတ်တော်၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများ၏ ထင်မြင် ယူဆချက်သဘော ထား၊ လွှတ်တော်ရေးရာကော်မတီများ၏ ဆောင် ရွက်ချက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်
စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထား၊ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၁၀၀၀) သုံးစွဲခြင်းကိစ္စ၊
နိုင်ငံတော်သမ္မတအပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် လေးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး၊ လွှတ်တော်ရေးရာ ကော်မတီ များ၏လယ်ယာမြေ ဆိုင်ရာ ဆောင်ရွက်ချက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍မေးမြန်း ခဲ့ကြသည်။
Popular Myanmar News Journal