Wednesday, January 8, 2014

ဂဝံမြေပြိုကျ မှုကြောင့် လူ(၃)ဦး သေဆုံး

ထန်းတပင် ဇန်န၀ါရီ ၈
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ချောင်းဝ ကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ည(၈း၄၀)နာရီအချိန်က ကွင်းအမှတ် (၄၆၇-က) တောင်ငူ- စစ်တောင်း- မုပ္ပလင်ကားလမ်း မိုင်တိုင်အမှတ် (၁၁/၂)နှင့် (၁၁/၃)အကြား ရေကျော် ကျေးရွာအုပ်စု ရေကျော် ကျေးရွာနေ ဂဝံမြေတူး လုပ်ငန်းလုပ်ကိုင်သူ ဦးမင်းဒင်၊ (ဘ)ဦးစံတင် ၏ မြေတူးလုပ်ငန်းတွင် ရေကျော် ကျေးရွာနေ ဦးဇော်မင်းနိုင်၊ (ဘ)ဦးစံတင်၊ မောင်ဝေယံစိုး (ဘ) ဦးခင်မောင်မြင့် တို့ မြေတူးစဉ် မြေပြိုကျသဖြင့် တစ်ရွာတည်းနေ ကိုမင်းနိုင်(ဘ)ဦးစံတင်၊ ကိုဇော်ဦး(ဘ)ဦးကျော်မွှေး၊ မခင်နှင်းဦး (ဘ)ဦးမင်းဒင်၊ မချို (ဘ)ဦးစံတင်၊ ကိုကျော်ဝင်းစိုး (ဘ)ဦးခင်မောင်မြင့်၊ ဒေါ်သိန်းမြင့် (ဘ)ဦးလွန်း၊ မောင်အောင်ဇော်ထိုက် (ဘ)ဦးကျော်မွှေး၊ ဒေါ်ဝင်း (ဘ) ဦးကျော်ရင်တို့မှ ကူညီတူးဖော်စဉ် ထပ်မံ၍ ပြိုကျသဖြင့် ကိုဇော်မင်းနိုင်၊ ကိုမင်းနိုင်နှင့် ကိုဇော်ဦးတို့(၃)ဦးသေဆုံးပြီး ကျန်(၈) ဦးမှာ ကိုယ်လက်အင်္ဂါများ ထိခိုက်ဒဏ်ရာရရှိခဲ့ သဖြင့် တောင်ငူမြို့ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက် ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar