Wednesday, January 15, 2014

တပ်မတော်ကို ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဇန်နဝါရီ ၁၄ ရက်ညနေပိုင်း ပြည်ထောင်စုလွှတ်တော်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာများ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - မောင်ပိုင်
နေပြည်တော် ဇန်နဝါရီ ၁၄
မိမိအနေဖြင့် တပ်မတော် ကို ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် မီဒီယာသတင်းသမားများ နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း ပြည်ထောင်စု လွှတ်တော် အပြီးတွင် လွှတ်တော် I-12 တွင် ပြု လုပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာ များ တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ယင်းအနေဖြင့် တပ် မတော်ကို ရန်လုပ်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်သူ နှင့် တပ်မတော်ကြား စိတ်ဝမ်းကွဲစေ ကြောင်း၊ ယင်းကြောင့် တပ်မတော် နှင့် ပြည်သူ အဆင်ပြေ စေရန် အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မပြင်ဆင် ပါက ပြည်သူနှင့် တပ်မတော်၏ကဏ္ဍဍ၊ နိုင်ငံတွင်းကဏ္ဍဍ မျှတမှုမရှိသည့် အ တွက် ရေရှည်တွင် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

““အန်တီက ကိစ္စတစ်ခုပြောလို့ ရှိရင် ရှင်းရှင်းလင်းလင်းပဲ ပြောတာ ကြိုက်တယ်။ စောင်းပါးရိပ်ခြည်နဲ့ တပ် မတော်ကို တိုက်ခိုက်သလိုလို ဘာလို လို အဲဒီလိုပြောတာတွေက မကြိုက် ဘူး။ အန်တီဘယ်တုန်းကမှ မတိုက် ခိုက်ခဲ့ဘူး။ တပ်မတော် ကို မတိုက် ခိုက်လို့ မကျေနပ်တဲ့ သူတွေ တောင် ရှိတယ်။ ဒါပေမဲ့ အန်တီမတိုက်ခိုက် ဘူး။ တပ်မတော်ရဲ့ လုပ်ရပ်တချို့ကို မကြိုက်ဘူးလို့ အစကတည်းက ပြော တယ်။ အန်တီ ဘယ်ပုဂ္ဂိုလ်မှ မတိုက် ခဲ့ဘူးနော်။ ဘယ်သူ့ကိုမှ နာမည်တပ် ပြီး ဘယ်သူက ဘာပါဆိုတဲ့ဟာမျိုး မတိုက်ခိုက်ခဲ့ဘူး။ ဒါတွေကိုလဲ အယုံ အကြည်မရှိဘူး။ ဒါဟာ အန်တီတို့ နိုင်ငံကို ဒီလိုနိုင်ငံရေးမျိုး မလုပ်စေ ချင်ဘူး။ ဒါပေမဲ့ အပြုအမူတွေကိုတော့ အန်တီ ဝေဖန်ရတာပေါ့””ဟု ပြောကြား ခဲ့သည်။ ယင်းအပြင် နိုင်ငံရေးလုပ် ရာတွင် အကြမ်းဖက်သော နိုင်ငံရေးမျိုး မလို လားကြောင်း၊ အကြမ်းမဖက်သော နည်းဖြင့် နိုင်ငံရေးလုပ်ခြင်းကို လို ချင်ကြောင်း၊ တပ်မတော်နှင့် ပြည်သူ အကြား ခွဲခြားသောစကား မပြောချင် သကဲ့သို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ရယ်ဟု ခွဲခြားမပြောစေချင် ကြောင်း မိမိအနေနှင့် အကြမ်းဖက် မှုကို လုံးဝ အားမပေးကြောင်း မီဒီယာ များအား ပြောကြားခဲ့သည်။
မောင်ပိုင်
Yangon Media Group