Thursday, January 16, 2014

အမေရိကန်တွင် စူပါမားကက်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား

16 Jan 2014
အမေရိကန်နိုင်ငံတွင် စူပါမားကက်တစ်ခု၌ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ(၃)ဦး သေဆုံးသွားကြောင်း ရဲများ က ပြောကြားခဲ့သည်။ အင်ဒီယားနားတွင် စူပါမားကက် တစ်ခု၌ ဖြစ်ပွားသော ပစ်ခတ်မှု၌ သေနတ်သ မား သေဆုံးသလို နောက်ထပ်(၂)ဦးလည်း အသက်ဆုံးရှုံးသွားခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖြစ်စဉ်တွင် အဲလ်ခါ့တ်ရှိ မာတင်စူပါမားကက်အတွင်း လူအနည်းငယ်သာ ရှိနေခဲ့ကြောင်း သိရသည်။ အဲလ်ခါ့တ်သည် လူဦးရေ (၅၀၀၀၀)မျှသာ မှီတင်းနေထိုင်သော မြို့လေးဖြစ်ပြီး ပြည်နယ်မြို့တော် အင်ဒီယာနာပိုးလစ် မှ မြောက်ဘက် မိုင်(၁၄၀)မျှ အကွာတွင် တည်ရှိသည်။ သေဆုံးသူများအနက် ကျန်နှစ်ဦးသည် စူပါမား ကက်မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာမူ အသက်(၄၀)အရွယ် ဈေးဝယ်သူ အမျိုးသမီး တစ်ဦးဖြစ်သည်။

ရဲများက သေနတ်သမားသည် အသက်(၂၀)ဝန်းကျင် သို့မဟုတ် ဆယ်ကျော်သက်လူငယ် တစ်ဦးဖြစ်နိုင်ကြောင်း ပြောဆိုထားသည်။ အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ပြီး အကြမ်း ဖက်မှု ကျူးလွန်ရသည့် အကြောင်းရင်းကို ရဲများက ခြေရာခံနေဆဲ ဖြစ်သည်။ လတ်တလောတွင် ပစ်ခတ်မှုနှင့် စပ်လျဉ်းပြီး အဓိက လှုံ့ဆော်သည့် အခြေအနေကို အဖြေမထုတ်နိုင်သေးဟု ရဲများက ဆိုသည်။ "သေနတ်သမား ဘယ်လိုသေသွားတယ် ဆိုတာကို ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တယ် ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်"ဟု အင်ဒီယားနား ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် အရာရှိ ဘရွတ်ခ်စ်ရှာ့ခ်က ပြောကြားသွားသည်။
Planet Myanmar Network