Wednesday, January 15, 2014

ကော့သောင်းမြို့တွင် ရဲအရာရှိတစ်ဦး ရေကန်အတွင်းကျရောက်သေဆုံး မှုဖြစ်ပွား


ကော့သောင်း ၊ ဇန်န၀ါရီ ၁၅
ကော့သောင်းမြို့ ၊ အေးမြကန်သာရပ်ကွက် ၊ မြို့ ရေပေးဝေရေး ပုဂ္ဂလိကပိုင် ရေကန် တစ်ခုအတွင်း ရဲအရာရှိတစ်ဦး ကျရောက် သေဆုံး မှု ဖြစ်စဉ် တစ်ခု ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းကဖြစ်ပွားသည်။

ဖြစ်စဉ်မှာဇန်န၀ါရီ ၁၅ ရက် နံနက်(၁၀)နာရီ ခန့် က ကော့သောင်းမြို့ ၊အေးမြကန်သာရပ်ကွက် ဗိုလ်ချုပ် လမ်းဘေး ရှိ မြို့ ရေပေးဝေရေး ပုဂ္ဂလိကပိုင် ရေကန် တစ်ခုအတွင်း လူသေအလောင်းတလောင်း
တွေ့ရှိကြောင်း သတင်းရရှိ သဖြင့် မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူး နှင့်အဖွဲ့ဝင်များမှ ဆယ်ယူ စစ်ဆေးကြည့်ရှု့ရာ ကော့သောင်း၊ ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ ၀န်ထမ်း၊ ရဲအုပ် စိုးမင်း ဆိုသူ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။

သေဆုံးသူ ရဲအုပ်စိုးမင်း သည် ကျန်းမာရေးမကောင်းသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့် ကအေးမြ ကန်သာရပ်ကွက်တွင်ရှိသည့် ကော့သောင်းခရိုင်၊ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါး ကုသမှုခံ ယူ နေရ သူဖြစ်ပြီး ၊ ဇန်န၀ါရီ ၁၄ ရက် ညပိုင်းတွင် ဆေးရုံမှ ပျောက်ဆုံး သွား သဖြင့် တာဝန်ရှိသူများ မှလိုက်လံရှာဖွေ နေစဉ်အတွင်း ဇန်န၀ါရီ ၁၅ရက် နံနက်(၁၀)နာရီ ခန့်တွင် ဆေးရုံကြီးနှင့် မနီးမဝေး အဆိုပါရေကန် အတွင်းသို့ ကျရောက် သေဆုံးမှုဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် နှင့် စပ်လျဉ်း ၍ ရဲအုပ်စိုးမင်း သေဆုံး ခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကို မြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့ မှ ဆက်လက် အရေးယူ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar