Thursday, January 16, 2014

အာနန္ဒာဘုရား ဆွမ်းလောင်းပွဲစည်ကား

ပုဂံ၊ ဇန်န၀ါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ အာနန္ဒာဘုရား ဆွမ်းလောင်းပွဲကို ယနေ့ (၁၅-၁-၂၀၁၄) ၊ မြန်မာသက္ကရာဇ် (၁၃၇၅) ခုနှစ် ပြာသိုလပြည့်နေ့တွင် အာနန္ဒာဘုရား ပရ၀ဏ်အတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားပွဲများကို ရွှေစည်းခုံဘုရားကြီးပွဲ (တန်ဆောင်းမုန်း) လမှ စတင်၍ အခြားဘုရားပွဲများ အဆက်မပြတ်ကျင်းပခဲ့ပြီး ပြာသိုလတွင် အာနန္ဒာဘုရားပွဲဖြင့် အပြီးသတ် ခဲ့ပါသည်။ ထို့ကြောင့် ပုဂံတွင် ဘုရားပွဲအစ စည်းခုံက၊ ဘုရားပွဲအပြီး အာနန္ဒာဟု သတ်မှတ်ခေါ် ဆိုခဲ့ကြပါသည်။

အာနန္ဒာဘုရားပွဲနှင့် ဆွမ်းလောင်းပွဲသို့ ယခုနှစ်တွင် ပြည်တွင်းမှ ဘုရားဖူးဧည့်သည်များ၊ (အမှတ်တရ မှတ်တမ်းရိုက်ကူးနေသော)နိုင်ငံခြားသားခရီးသွားဧည့်သည်များ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ကျေးရွာများမှ ပြည်သူများဖြင့် အထူးစည်ကား များပြားနေကြောင်း တွေ့ရှိရပါသည်။

အာနန္ဒာဘုရားပွဲသို့ လာရောက်ဈေးရောင်းချသူတစ်ဦးမှ ယခုနှစ်တွင် လူအများ စီးပွားရေး အဆင်ပြေ ကြသဖြင့် ယခင်နှစ်များထက် စည်ကားကြောင်း ဈေးရောင်းချရာတွင်လည်း ရောင်းကောင်းကြောင်း ပြော ကြားခဲ့ပါသည်။
MOI Webportal Myanmar