Wednesday, January 15, 2014

အမေရိကန်တွင် ကျောင်းသားငယ်တစ်ဦး၏ ပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာရ

15 Jan 2014
အမေရိကန်နိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကလေးငယ်(၂)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ နယူးမက္ကစီကိုတွင် အသက်(၁၂)နှစ်အရွယ် ကလေးငယ် တစ်ဦးသည် ၎င်းတက်ရောက်နေသည့် မူလတန်းကျောင်း၏ အားကစားခန်းမထဲ ဝင်လာကာ ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့က ဖြစ်ရပ်တွင် ကလေး(၂)ဦး ဒဏ်ရာရခဲ့ရာ (၁)ဦး၏ အခြေအနေသည် စိုးရိမ်စရာ ဖြစ်နေကြောင်း နယူးမက္ကစီကို အုပ်ချုပ်ရေးဌာနမှ အာဏာပိုင်များက ပြောကြားခဲ့ သည်။ သေနတ်ထိမှန်သည့် အသက်(၁၃)နှစ်အရွယ် မိန်းကလေး တစ်ဦးမှာမူ အခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်။ အသက်(၁၁)နှစ်ရှိ ယောက်ျားလေး တစ်ဦးမှာမူ ခွဲစိတ်မှု ခံယူခဲ့ရပြီး စိုးရမ်ရဆဲဟု ဆိုသည်။

ရော့စ်ဝဲလ်မြို့လေးသည် လူဦးရေ (၅၀၀၀၀)အောက်သာရှိပြီး အယ်လ်ဘူကွာကူ၏ အရှေ့တောင်ဘက် မိုင်(၂၀၀)မျှ အကွာတွင် တည်ရှိသည်။ ဘာရန်ဒို အလယ်တန်းကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သည့် မိုနစ်ဆယ်လ်စီဒိုသည် သူငယ်ချင်းနှစ်ဦး အပစ်ခံရသည့်နောက် အလွန်တုန်လှုပ်သွားကြောင်း ဝန်ခံခဲ့သည်။ "နောက်တစ်ခါ ကျောင်းမသွားရဲတော့ဘူး"ဟု သူမက ဆိုသည်။ အဆိုပါ ဖြစ်ရပ်သည် ရဲရင့်သော ကျောင်း ဆရာ တစ်ယောက်ကြောင့်သာ မဟုတ်ပါက ယင်းထက် ဆိုးရွားသွားဖွယ် ရှိနေသည်။ အဆိုပါ ကျောင်း ဆရာသည် ကလေးထံ တည့်တည့်လျှောက်သွားပြီး သေနတ်ကို ချထားရန် စည်းရုံးပြောဆိုနိုင်ခဲ့ကြောင်း သိရသည်။ ယခုပစ်ခတ်မှု ဖြစ်ပေါ်လာအောင် လှုံ့ဆော်သည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ ဆယ်လ်စီဒိုက သေနတ်ဖြင့် ပစ်ခတ်သည့် ကျောင်းသားလေးမှာ ကျောင်းတွင် အနိုင်ကျင့်မှုများ ခံရလေ့ရှိသူ တစ်ဦးဟုလည်း ပြောကြားသွားခဲ့သည်။
Planet Myanmar Network