Thursday, January 23, 2014

ပင်စင်စားများအတွက် သီးသန့်ခွဲတမ်းအဖြစ် ကျပ် ၁၅၀၀ တန် ဖုန်း အလုံးငါးသောင်း ယခုလမှစ၍ လစဉ်ရောင်းပေးမည်

၁၅၀၀ တန် ဖုန်း အသုံးပြုရန် စီစဉ်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ရန်ကုန် Thursday, January 23, 2014
သက်ပြည့်ပင်စင်စားများအတွက် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ၏ အစီအစဉ်နှင့် သီးသန့်ခွဲတမ်း အလုံးရေ ငါးသောင်းထည့်၍ ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီမှ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၃ ဧပြီမှစ၍ လစဉ် အများပြည်သူအား ကျပ် ၁၅၀၀ တန် တန်ဖိုး နည်းဖုန်းသုံးသိန်းခွဲကို ခွဲဝေဖြန့်ဖြူးရောင်းချခဲ့ပြီး ဇန်န၀ါရီမှစ၍ သက်ပြည့်ပင်စင်အငြိမ်းစားများ အတွက် သီးသန့်ခွဲတမ်း ငါးသောင်းထည့်၍ စတင်ရောင်းချခြင်းဖြစ်သည်။ ယင်းမှာ ပင်စင်အငြိမ်း စားများအတွက် အလုံးရေ ထပ်မံတိုးမြှင့်ချထားခြင်းမဟုတ်ဘဲ သာမန်ပြည်သူများကို ပုံမှန်ချထားပေးနေ သည့် အရေအတွက်မှ ခွဲဝေချထားပေးမည်ဖြစ်ပြီး WCDMA အမျိုးအစား ဖုန်းများကို ချထားပေးမည်ဟု သိရသည်။

အဆိုပါဖုန်းများ ချထားပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ခွဲတမ်းမှာ အလုံးရေ ၁၅၀၀၀ ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ကာ ကယားပြည်နယ်တွင် အလုံးရေ ၄၀၀ ချထားပေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အနည်းဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် ပင်စင်စားအရေအတွက် ခြောက်သိန်းကျော်ရှိပြီး အဆိုပါ ပင်စင်စားများအားလုံး မိုဘိုင်း ဖုန်းရရှိရန် တစ်လလျှင် ဖုန်းအလုံးရေ ငါးသောင်းနှုန်းဖြင့် တစ်နှစ် ချထားပေးမည်ဖြစ်သည်။ စတင်ချ ထားပေးချိန်မှစ၍ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ တစ်နိုင်ငံလုံးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် ရောင်းချခဲ့သည့် အလုံးရေ ၃ ဒသမ ၂ သန်း အပါအ၀င် စုစုပေါင်းအလုံးရေ ခုနစ် သန်းကျော် ရောင်းချပြီးဖြစ်သည်။

ဇန်န၀ါရီလမှစတင်၍ သီးသန့် ထည့်သွင်းရောင်းချပေးမည်ဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့များ က ယင်းအစီအစဉ်ကို မသိရှိရသေးခြင်းကြောင့် ရောင်းချမည့်ပုံစံကို မစီစဉ်ရသေးကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

“အဲဒီလိုရောင်းပေးမယ်ဆိုတာကို အခုထိ မသိရသေးဘူး”ဟု ဦးအောင်ခင်က ပြောသည်။
သိမ့်သိမ့်စိုး၊ ဆွေမွန်
7Day Daily