Friday, January 24, 2014

အိန္ဒိယနိုင်ငံထုတ်မော်တော်ဆိုင်ကယ်များ ဈေးကွက်သို့ ဝင်ရောက်

မော်တော်ဆိုင်ကယ်သည် လူငယ်ထုအတွင်းတွင် အရှုးအမူးစွဲလန်းသော စက်ပစ်စည်း တစ်မျိုးဖြစ်ပြီး ဒီဇိုင်း ဆန်းခြင်း၊ သင့်တင့်သောဈေးနှုန်းရှိခြင်း၊ ဆန်းသစ်သော ဝန်ဆောင်မှု ပေးခြင်းများဖြင့် လူငယ်ထုအ တွင်း ဈေးကွက် ယုံကြည်မှုရရှိစေရန် အတွက် မုံရွာမြို့တွင် စတုတ္ထမြောက် အရောင်းပြခန်းကို ဖွင့်လှစ်ရောင်း ချနေ ပြီဖြစ်သည်။

အိန်ဒိယနိုင်ငံထုတ် မော်တော်ဆိုင်ကယ်များ တင်သွင်းရောင်းချမှုနှင့်ပတ်သက်ပြီး မုံရွာအရောင်း ပြခန်းနှင့် ဆားဗစ်စင်တာမှ တာဝန်ရှိသူတစ်ဦးက '' ကျွန်တော်တို့ အရောင်းပြခန်းမှာ Super TVS Co., Ltd ၏ TVS အမှတ်တံဆိပ် အိန္ဒိယနိုင်ငံထုတ် မော်တော်ဆိုင်ကယ်(၅)မျိုးကို (၂)နှစ်အာမခံ ပါရှိတဲ့ လက်ငင်းငွေချေ စနစ်ဖြင့်ပြသရောင်းချပါတယ်၊ ယခုရောင်းချလက်ရှိသော မော်တော် ဆိုင်ကယ်(၅)မျိုးရဲ့ ဈေးနှုန်းတွေ ကတော့
Apache(160cc)တန်ဘိုး (၁၄၂၆ဝဝဝ)ကျပ် (ကျပ်တစ်ဆယ့် လေး သိန်း နှစ်သောင်း ခြောက်ထောင် တိတိ)
NEOX (110cc) နှစ်မျိုးပါရှိပြီး၊ စမုတ်အမျိုးအစား ဈေးနှုန်း (၈၉၈ဝဝဝ)ကျပ် (ကျပ်ရှစ်သိန်းကိုးသောင်းရှစ် ထောင်တိတိ) ၊ ဒလက် အမျိုးအစားဈေးနှုန်း (၉၃၃ဝဝဝ)ကျပ် (ကျပ်ကိုးသိန်းသုံးသောင်းသုံးထောင်တိတိ)၊
OCKZ (125cc) ဈေးနှုန်း (၁ဝ၉၅ဝဝဝ)ကျပ် (ကျပ်တစ်ဆယ်သိန်းကိုးသောင်းငါးထောင်တိတိ)၊
TOMAX (150cc) ဈေးနှုန်း(၁၃၃၃ဝဝဝ) ကျပ်(ကျပ်တစ်ဆယ်သုံးသိန်းသုံးသောင်းသုံးထောင်တိတိ)
EGO (110cc) ဈေးနှုန်း (၁၁၆ဝဝဝဝ)ကျပ် (ကျပ်တစ်ဆယ်တစ်သိန်းခြောက်သောင်းတိတိ)
 ဈေးနှုန်းများဖြင့် ပိတ်ရက်မရှိနေ့စဉ် နံနက် (၈)နာရီခွဲမှ ည(၇) နာရီခွဲထိ ရောင်းချပေးသွား မည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း TVS Co., Ltd \TVS ၏ အမှတ်တံဆိပ်ဖြင့် နောက်ဆုံးမော်ဒယ် Scooty Pept နှင့် Scooty Style မော်ဒယ်သစ် နှစ်မျိုးကို ဆက်လက်ပြသ ရောင်းချပေးသွားဖို့စီစဉ်ထားပြီး၊ ဆားဗစ် စင်တာလဲဖွင့်ထားပါတယ်၊ ကျွန်တော်တို့ ကုမ္ပဏီ ကတခြားမြို့ တွေမှာလည်း အရောင်း ပြခန်းနဲ့ ဆားဗစ်စင်တာတွေကိုလည်းတွဲပြီး ဖွင့်ထားပါတယ်၊ ဒါ့ကြောင့် ဈေးကွက်ချဲ့တဲ့အနေနဲ့ လာပြီးဖွင့်လှစ်ဖြစ် တာဖြစ်ပြီး နောက်ပိုင်းတွင် ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျ ရောင်းချပေးနိုင်အောင် ဆောင် ရွက်သွားမယ်ဟု'' စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆိုင်ကယ်အရောင်းပြခန်းသို့လာရောက်လေ့လာသူ တစ်ဦးက '' ယခုတင်သွင်းတဲ့ ဆိုင်ကယ် ပုံစံလေးတွေက မြန်မာပြည်အနေနဲ့ ဆန်းသစ်တဲ့သဘောရှိပါတယ်၊ ဈေးနှုန်းကလည်း သင့်တင့် တယ်လို့ ထင်ပါတယ်၊ Spare Parts ပစ်စည်းနဲ့ဆားဗစ်စင်တာကလည်း ပူးတွဲ ဖွင့်လှစ် တဲ့အတွက် ဝယ်ယူသူအနေ နဲ့ ပြင်ဆင်ရေး အတွက်လဲ အဆင်ပြေနိုင်တယ်လေ၊၊ အဲဒိအခြေအနေကို သူတို့တော်တော် ထိုးဖောက်ရအုံး မယ်လို့ထင်ပါတယ်'' စသည်ဖြင့် မုံရွာမြို့၏ မော်တော် ဆိုင်ကယ်ဈေးကွက် အခြေအနေကို သုံးသပ်ပြော ကြားသည်။

အဆိုပါကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် TVS အမှတ်တံဆိပ် အိန်ဒိယနိုင်ငံထုတ် မော်တော် ဆိုင်ကယ်များကို တင်သွင်းပြီး ပြင်ဦးလွင်၊ မန်တလေး၊ မြစ်ကြီးနား မြို့များတွင် အရောင်းပြခန်းနှင့် ဆားဗစ် စင်တာများ ဖွင့်လှစ်ရောင်းချလျက် ရှိရာမှ မုံရွာမြို့တွင် ထပ်မံဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar