Friday, January 3, 2014

သိုးမလေး ဒေါ်လီကဲ့သို့ လူသန္ဓေသား ဖန်တီးနိုင်မည်

လွန်ခဲ့သည့် ၁၅ နှစ်က ပုံတူမျိုးပွား နည်းပညာဖြင့် သိုးမလေး ဒေါ်လီကို မွေးထုတ်ခဲ့ပြီးနောက် ယင်းနည်း ပညာဖြင့်ပင် ပထမဆုံး လူသန္ဓေသားကို ဖန်တီးနိုင်ခဲ့ပြီဟု အမေရိကန် သိပ္ပံပညာရှင်တစ်စုက ပြောကြား လိုက်သည်။ သန္ဓေသားလောင်းက အနုဆုံးအဆင့်မှာပဲ ရှိနေသေးပြီး ယင်းသန္ဓေသားကို ကလေး တစ် ယောက် ဖြစ်ဖို့အထိ ဖန်တီးရန် မရည်ရွယ်ဘူးဟု သိပ္ပံပညာရှင်များက သတိထား ပြောနေကြသည်။

ယင်းနည်းပညာဖြင့် ဆဲလ်မျိုးစုံ အသွင်ကူးပြောင်းနိုင်သည့် ပင်မဆဲလ်များ ဖန်တီးထုတ်လုပ်ရန် ရည်ရွယ် ထားပြီး အဆိုပါနည်းဖြင့်ဆေးပညာကို တစ်ခေတ်ပြောင်း တော်လှန်နိုင်မည်ဟု ယုံကြည်မျှော်လင့်နေ ကြခြင်းဖြစ်သည်။

ဒီအင်အေဖယ်ထားသည့် မျိုးဥထဲကို အရွယ်ရောက်ပြီးသား ဆဲလ်တစ်ခုကနေ ပြောင်းလဲယူခဲ့တယ်လို့ သြရီဂွန်ပြည်နယ်က သိပ္ပံပညာရှင်များက ဆိုသည်။

မအောင်မြင်သည့် မျိုးဥတွေကိုသုံးပြီး သန္ဓေသား ပင်မဆဲလ်တွေတည်ဆောက်ဖို့ အသုံးပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပင်မဆဲလ်တွေကနေ ခန္ဓာကိုယ်အနှံ့အပြားမှ ဆဲလ်ပေါင်းစုံကို ဖန်တီးယူခဲ့ခြင်းဖြစ်သည်။

အဆိုပါဆဲလ်များကို ပျက်စီးသည့် အသားတစ်ရှူးစများ အစားထိုးရာတွင် ရောဂါကုသခြင်းတွင် သုံးရန် တောင်းဆို နေကြသည်။
Mizzima - News in Burmese