Friday, January 3, 2014

မိကျောင်းကန် ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှု


ရန်ကုန်၊ ဇန်န၀ါရီ ၁
သင်္ဃန်းကျွန်းမြို့နယ်၊  မိကျောင်းကန်ရပ်ကွက်၊ အပိုင်း (၁၊၂၊၃) မြေေ နရာ ပြန်လည်ရရှိရေး ၁၇ ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ၃ လကြာ ယာယီရပ်ဆိုင်း သွားသော်လည်း နေ့တွက် စရိတ်နှင့် ပတ်သက်၍ ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်း ပွားမှုများ ဖြစ်ပေါ်နေသည်ဟု အင်တာနက်စာမျက်နှာ အချို့တွင် ပါရှိခဲ့သည့်အပေါ် မိုးသီးဇွန်မှ မိမိတို့အပေါ် သက်သက်မဲ့ တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

၎င်းကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်အား မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းရာတွင် ““အဲဒါပဲ ညီမရေ မဟုတ်က ဟုတ်ကသတင်းတွေပဲ။ ဦးတို့က ဘယ်လိုလုပ် တစ်ယောက်ရှစ်ထောင် ပေးနိုင်မလဲ။ သပိတ်စခန်းက လူတွေကို ဦးက ဘယ်လိုမှ မကူညီနိုင်ဘူး။ သူတို့ဟာ သူတို့ လုပ်တာလေ။ သပိတ်မှောက်နေတဲ့ ဟာတိုင်းကို ဟိုလူက ၇၀၀၀ ပေးတယ်၊ ၃၀၀၀ ပေးတယ်၊ ဘယ်လိုလုပ် ပေးနိုင်မလဲ။ ကိုယ်တွေတောင်မှ မနည်းကို ခရီးစရိတ်၊ အိမ်လခတွေနဲ့ ဖြူကာ ပြာကာကျအောင် လုပ်နေရတာပါ။ အဲဒါတော့ တို့ကို မလိုတဲ့လူတွေ ရှိတာပေါ့။ မလိုတဲ့ အင်အားစုတွေက သက်သက်မဲ့ တိုက်ခိုက် နေတာ။ အခုမှမဟုတ်ပါဘူး။ ဦးခင်ညွန့် လက်ထက်တုန်းက လက်ရာတွေလည်း ဒီအတိုင်းပဲ မြက်ခင်းသစ်ဆို တဲ့စာစောင်က အဆက်မပြတ် တိုက်ခိုက်လာတာပါ။ ဒါပေမဲ့လည်း ဒီလိုမျိုး လုပ်နေတာ မထိရောက်ပါဘူးလို့ ပြောချင်ပါ တယ်””ဟု ပြောသည်။ …

ပထမအကြိမ် ဆန္ဒထုတ်ဖော်သည့် အချိန်တွင် မြ၀တီဝက်ဘ်ဆိုက်မှ ကိုမင်္ဂလာမှလည်း““ကလေးတွေ ကို မျောက်ပြ ဆန်တောင်းနေတယ်””ဟု  ပုတ်ခတ် ဝေဖန်ခဲ့ဖူးကြောင်း ဆန္ဒပြရာတွင် ကျောင်းသူ/သားများ ပါသည့်အတွက် ယင်းဝက်ဆိုက်အား ပြန်ဖြုတ်ချလိုက် သော်လည်း ယခုအချိန်တွင် တတိယအကြိမ် သပိတ်စခန်း မဖြစ်အောင် သက်သက်ဝေဖန် ချိုးနှိမ်ပြီး ပြည်သူတွေမှ အထင်လွှဲမှားအောင် ပြုလုပ် ထားကြောင်းကို မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းက ပြောသည်။

““အခုဆိုရင် မြ၀တီ ၀က်ဘ်ဆိုက်က အင်တာနက်မှာ ပြည်သူတွေ တတိယအကြိမ် သပိတ်စခန်း မဖြစ်အောင် သက်သက် ဝေဖန်ချိုးနှိမ်ပြီးတော့ ပြည်သူတွေကို လုပ်ထားတာပါ။ မြ၀တီ ၀က်ဘ်ဆိုက်က တစ်စည်ပင်နဲ့ ပတ်သက်တာပါ။ တပ်မတော် မှတ်တမ်းရုံးမှာ မြ၀တီဝက်ဆိုက်က အစိုးရ ၀က်ဘ်ဆိုက်ပါ။ အဲဒါကြောင့် တတိယအကြိမ် သပိတ်စခန်းကို မလုပ်ဖြစ်နိုင်အောင် နိုင်ငံရေး ပယောဂနဲ့ ငွေကြေးတွေနဲ့ သတ်မှတ်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေက ကိုယ့်ထမင်း ကိုယ်စားပြီးတော့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်တွေကို ကျွန်တော်တို့က အလှူခံစားပြီးတော့ တိုက်ပွဲ ၀င်လာတာပါ။ အင်္ကျီအ၀တ် အစားတွေကလည်း မိကျောင်းကန် ပြည်သူတွေက ကိုယ့်စရိတ်ကိုယ် ၀တ်ပြီးတော့ တိုက်ပွဲဝင်လာတာပါ။ မိကျောင်းကန် ပြည်သူတွေ တော်တော်လေး ပေါက်ကွဲနေကြတယ်””ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်များအား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို မြန်မာ သံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ ““သူတို့ လက်ရှိနေကြတာက ဒဂုံတောင်မှာ နေတာပါ။ ကျွန်တော်တို့ မသိပါဘူးခင်ဗျာ။ ဒဂုံတောင်ထဲကနေ ဒီထဲကိုလာပြီး ဆန္ဒပြကြတာပါ။ ကျွန်တော် မသိပါဘူးခင်ဗျာ။ လွန်ခဲ့တဲ့ နှစ် ၂၀ တည်းက ရွှေ့ခဲ့ကြတဲ့ သူတွေပါ။ ဘာမှ သုံးသပ်ချက် ပေးစရာ မရှိပါဘူးခင်ဗျာ””ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

မိကျောင်းကန် ပြည်သူများ ငွေကြေး တစ်စုံတစ်ရာကို လက်ခံခြင်း၊ မခံခြင်းသည် မီဒီယာများနှင့် မကြာခင် ရက်ပိုင်းအတွင်း ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း တတိယအကြိမ် သပိတ်စခန်း ပြုလုပ်နိုင်အောင် ဆန်၊ ဆီ၊ ရေသန့် အစရှိသဖြင့် ရိက္ခာများ စုဆောင်းနေကြောင်း၊ တပ်စည်ပင်မှ ပယောဂဖြင့် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ ပြည်သူကို ရုပ်ပြောင်း ရုပ်လွှဲ ပြုလုပ်၍ စိန်ခေါ်မှု မလုပ်နိုင်အောင် ပြည် သူများနှင့် မိမိတို့ကြား အထင်လွှဲမှားအောင် ပြုထားကြောင်းတို့ကို ဦးစိန်သောင်းမှ ဆက်လက် ပြောကြား ခဲ့သည်။
အေမီ 
Myanmartandawsint Newspaper