Sunday, January 5, 2014

မတရား ဖိနှိပ်မှု အဆုံးသတ်ရေး ၈၈ ဆန္ဒပြ

ဒီမိုကရေစီ သရုပ်ဖော် ပြသမှုတွေ ပြုလုပ်
5 ဇန်နဝါရီလ 2014
၈၈ မျိုးဆက်နဲ့ လူမှု အဖွဲ့အစည်း တွေ ပူးတွဲ ကျင်းပတဲ့ မတရား ဥပဒေများ ဖျက်သိမ်း ရေးနဲ့ နိုင်ငံရေး ဖိနှိပ်မှုများ အဆုံးသတ် ရေး ဆန္ဒ ထုတ်ဖော်ပွဲမှာ NLD ဦးဝင်းတင်နဲ့ လူထု ပရိသတ် ရာချီ တက်ခဲ့တယ် လို့ သိရပါတယ်။

၂ဝဝ၇ သံဃာ့ အရေးအခင်း နောက်ပိုင်း ၈၈ အုပ်စု ဦးဆောင်တဲ့ ပထမဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပြီး မင်းကိုနိုင်၊ ကိုကိုကြီး၊ မီးမီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေက ဟောပြော ခဲ့ကြ ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအခြေခံ ဥပဒေ ပြင်ရေး ရန်ကုန်မှာ ဆန္ဒပြမြန်မာ အစိုးရ လွှတ်ပြီး အကျဉ်းသား ပြန်ဖမ်း၈၈ မျိုးဆက် ကိုမင်းကိုနိုင် နော်ဝေမှာ ဆုယူ ဆက်စပ်အကြောင်းအရာများရန်ကုန်
ရန်ကုန် မဟာဗန္ဓုလ ပန်းခြံလမ်းက ဆန္ဒပြ ပွဲမှာ ကိုမင်းကိုနိုင်က "ဒါဟာ အမြည်းသဘော မျှသာ ဖြစ်တယ်" ဆိုပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အားလုံး ညီညွှတ်ဖို့ ပြောသွား ပါတယ်။

လူထု တက်ကြွ လှုပ်ရှားမှုကြောင့် အရင်က အစိုးရတွေ ဖြုတ်ချ နိုင်ခဲ့တယ်လို့ သမိုင်းကို ပြန်ကောက် သွား တာလဲ တွေ့ရပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာ အစိုးရ ဟာ ဆန္ဒပြပွဲ တွေ ကို အရင်စလို ကိုင် တွယ် မှုတွေ နည်း လာပြီး ခွင့်ပြုပေး နေတာတွေ ရှိပါတယ်။

ဒီလို အရပ်ဘက် လူအဖွဲ့အစည်း တွေ ပုံစံ ပြောင်း ပြီး တင်ပြ တောင်းဆို လာမှု တွေကို ပြည်သူ့ စကား ကို နားထောင်ပါတယ် ဆိုတဲ့ အစိုးရနဲ့ လွှတ်တော်က နားထောင် ပါ့မလား ဆိုတာ ကိုတော့ ဝေဖန် သုံး သပ်မှုတွေ ရှိ နေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)