Monday, January 13, 2014

မဟာဗန္ဓုလပန်းခြံက ဂီတမိတ်ဆက်ပွဲ

ရန်ကုန် ဇန်န၀ါရီ ၁၁
ရန်ကုန်မြို့ ဇန်န၀ါရီရဲ့ အေးချမ်းတဲ့ညလေးမှာ သာယာလှပတဲ့ မဟာဗန္ဓုလပန်းခြံအတွင်း တလက်လက် လင်းနေတဲ့မီးရောင်၊ ချိုအေးတဲ့တေးသံသာတွေနဲ့ ဖျော်ဖြေနေတဲ့ လူငယ်တစ်ဦးနဲ့ အားပေးနေကြသော လမ်းသွားလမ်းလာပရိတ်သတ်များနှင့်အတူ စည်ကားနေတဲ့ ဂီတဖျော်ဖြေပွဲလေးကို ၁၁ရက်နေ့ညပိုင်း က တွေ့ရှိရသည်။

အဆိုပါ လူငယ်မှာတေးသံရှင် ရိုးရိုးဖြစ်ပြီး ၄င်း၏ကိုယ်ပိုင်သံစဉ်များကို စီးရီးခွေထုတ်ရန် အဓိကပံ့ပိုးကူညီ သူလိုအပ်ခြင်းကြောင့် ကျင်းပခြင်းဖြစ်ကြောင်း ပွဲကျင်းပရာနေရာတွင် LED မီးလုံးများ ဖြင့်ဖော်ပြထားသည်။ လူငယ်များအနေဖြင့် ၄င်းတို့ဝါသနာပါရာ အသက်မွေးလမ်းကြောင်း ခရီးကြမ်းများကို လျှောက်လှမ်းရာတွင် အထောက်အပံ့နှင့် ငွေကြေးမပြည့်စုံမှုများ၊ အခွင့်အလမ်းမသာခြင်းများကြောင့် နိုင်ငံတွင်းရှိအသိပညာ၊ အတက်ပညာရှင်များ တိမ်မြှပ်ခဲ့ရကြောင်း နိုင်ငံရေးစာပေများတွင် ဖော်ပြထားသည်။ ယနေ့ ဒီမိုကရေ စီခေတ်တွင် ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်လာသည်နှင့်အမျှ ရွက်ပုန်းသီးလေးများ အလိုလိုပေါ်ပေါက် လာကြသည်။

တေးသံရှင်ရိုးရိုး၏ သီချင်းများမှာ ၄င်းအသံနှင့်လိုက်ဖက်မှု ရှိပြီး အေးချမ်း တည်ငြိမ်သော သီချင်းလေး များဖြစ်ပြီး ကြည့်ရှုသူပရိသတ်များ အထူးသဘောကျကြသည်။ ရိုးရိုးအား ကူညီထောက်ပံ့လိုပါက ဖုန်း-၀၉ ၄၂၃၇၂၂၀၆၇ သို့ဆက်သွယ်ပြီးစပွန်ဆာပေးနိုင်ပါသည်။
MOI Webportal Myanmar