Wednesday, January 29, 2014

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ဓာတ်ပုံ - မျိုးသူ (မြစ်မခ)
ရန်ကုန် ၊ ဇန်နဝါရီ ၂၈
အခြေ အနေအရ လိုအပ်လာပါက  ရခိုင်ပြည်နယ်အပါ အဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော်လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု  ရခိုင်တပ်မ တော် စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆို သည်။

၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့်  ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ် အခြာကို မလေးစား ရာရောက်သည်ဟု ゞင်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြား ခဲ့ ခြင်းဖြစ်သည်။

““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာလဲပါတယ်။ တပ်မ တော် တစ်ရပ် က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့မှာ နောက် ဆုတ်စရာ မြေမရှိ ဘူး ဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

အဆိုပါ ဖြစ်စဉ်များအ တွင်း၌ အစိုးရ၏ကိုင်တွယ်ဖြေရှင်းမှုအားနည်းခဲ့သည့် အပြင် ယခုလုပ်ဆောင်နေ သည့် တစ်နိုင်ငံလုံးအတိုင်းအတာ အရအပစ်ရပ်ရေး၌ အစိုးရ ၏ပြောဆိုလုပ်ဆောင်မှုများမှာ အပြင်ပန်း ဆန်ပြီး အနှစ် သာရမရှိသည့် အချက်များကို တွေ့ရကြောင်းလည်း ゞင်းင်းက ဝေဖန်ပြောဆိုခဲ့သည်။

““ကျွန်တော်တို့က လူရှေ့ သူရှေ့မှာ လက်မှတ်ထိုးပြပြီး ညာနေဖို့ မဟုတ်ဘူး။ ကိုယ့် နိုင်ငံပြဿနာကို အမှန်တကယ် ဖြေရှင်းပြီးပြီလား။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူတွေပျော်ရွှင် နေကြပြီလား။ ငါတို့ အနာဂတ် အတွက် ခိုင်မာတဲ့ ငြိမ်းချမ်း ရေးလမ်း ကြောင်းတွေ ပွင့်ပြီ လားဆိုတဲ့အပေါ်မှာ အနှစ်သာ ရရှိရှိ ပြောဆိုလုပ် ကိုင်ဖို့လို တယ်။ အခုအစိုးရဘက်က ပြောဆိုနေတာတွေက အပြင် ပန်းဆန်နေတယ်””ဟု စစ်ဦးစီး ချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။

အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများနှင့်အပစ်အခတ်ရပ် စဲရေး  လက် မှတ်ရေးထိုးရာ၌ တိုင်းရင်းသားအဖွဲ့အစည်း တချို့နှင့်သာ တွေ့ဆုံဆွေးနွေး မည်ဆိုသည့်အချက်နှင့် ကျန် ရှိနေသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အင်အား ကြီးသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ဆန္ဒပါမှရမည် ဆိုသည့်အချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြော ဆိုခဲ့ခြင်းဖြစ် သည်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးပါဝင်၍ အပစ်အ ခတ်ရပ်စဲရေးလက် မှတ်ထိုး နိုင်ရန်အတွက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအ တွင်းပါဝင်လာရန်မှာ ကျန်ရှိ နေသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ အစည်း များ၏ သဘောသာဖြစ်ကြောင်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) ဒု တိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။ မြန်မာနိုင်ငံတွင် အစိုးရ တပ်မတော်မဟုတ်သည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ များအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁ဝဝကျော် ရှိကြောင်း လက်နက်ကိုင်အဖွဲ့အ စည်းများထံမှ ထွက်ပေါ်သည့် စာရင်းများအရ သိရှိရသည်။
မျိုးသူ (မြစ်မခ)
Yangon Media Group