Monday, January 13, 2014

အိန်္ဒိယဒိုင်လူကြီး မာရီယာကို အာရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားထားသော်လည်း သက်ရောက်မှု တစ်စုံတစ်ရာမရှိသေး

ဇန်န၀ါရီ ၁၄ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ပွဲ စဉ်တွင် ဆုံးဖြတ်ချက်အမှားများပြုလုပ်ခဲ့သော အိန်္ဒိယအမျိုးသမီးဒိုင်လူကြီး မာရီယာကို အာရှဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားစာပို့ထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ သက်ရောက်မှုတစ်စုံတစ်ရာရှိမလာ သေးဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

“ဆီးဂိမ်းမှာ တာဝန်ယူခဲ့တဲ့ အိန်္ဒိယဒိုင်လူကြီးကို အာရှဘောလုံးအဖွဲ့ချုပ်ကိုတိုင်ထားပါတယ်။ သူ့ကိုပွဲပယ် တာမျိုး၊ ဒဏ်ငွေ ပြစ်ဒဏ်မျိုး ချမှတ်နိုင်ပါတယ်။ အဓိက ကတော့ နောက်ကို အမှားတွေ ထပ်မကျုးလွန် စေဖို့ တိုင်ကြားခဲ့တာပါ”ဟု ဦးဇော်ဇော်က ဆိုသည်။

သို့သော်လည်း ဆီးဂိမ်းပြိုင်ပွဲအပြီး တစ်ပတ်အတွင်း တိုင်ကြားခဲ့သောအဖြစ် အပျက်အပေါ် အာရှဘောလုံး အဖွဲ့ချုပ်မှ တုံ့ပြန်မှုမရှိသေးဘဲ တိုင်ကြားချိန် နှစ်ပတ်ခန့်ကြာမြင့်သည်အထိ အဖြေတစ်စုံတစ်ရာ မထုတ် ပြန်သေးချေ။
ရဲရင့်ဌေး
Mizzima - News in Burmese