Friday, January 3, 2014

မိတ္ထီလာတွင် ဂြိုဟ်သားတွေ့ ကောလာဟလ သတင်းဖြစ်ပွား

မိတ္ထီလာ၊ ဇန်န၀ါရီ-၂
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် မော်တော်ယာဉ်ဘုန်းတော်ကြီးကျောင်း၌ ဇန်န၀ါရီ ၁ ရက်က ဂြိုဟ် သားတွေ့သည်ဟု ကောလာဟလ သတင်းဖြစ်ပွားကာ ဘုန်းကြီးကျောင်းသို့ လူအများစုဝေးရောက်ရှိလာ
ကြသည်။

ဖြစ်ပွားပုံမှာ မော်တော်ယာဉ် ကျောင်းတိုက်အတွင်းရှိ စိတ္တသုခ ကျောင်းဆောင်တွင် ဆရာတော် ဦးပဏ္ဍိတ သက်တော် (၅၆) နှစ်၊ ၀ါတော် (၃၆) ၀ါရှိ ကျောင်း ထိုင်ဆရာတော်သည် ထိုနေ့ နံနက် ကျောင်းရှိကိုရင် ရှင်ဝိလာသ (၁၇) နှစ်က ကျောင်းအတွင်းရှိ စေတီ နှင့် ရုပ်ပွားတော်အား ၎င်းပိုင် ကျပ် ၅၀၀၀၀ ပေးရသည့် HUAWEI ကင်မရာဖြင့် ရိုက်ကူးရာ ဓာတ်ပုံထဲတွင် ET ပုံသဏ္ဍာန်များ ခုနစ်ပုံတွေ့ရသဖြင့် ဓာတ်ပုံကူး ယူကြည့်ရှုရာမှ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် မော်တော်ယာဉ် ဘုန်းတော်ကြီးကျောင်းတွင် ဂြိုဟ် သား တွေ့သည် ဟူသော ကောလာဟလ သတင်း ဖြစ်ပေါ်ကာ လူအများကား/ဆိုင်ကယ်များဖြင့် နေ့ရော ညပါ လာ ရောက်စုံစမ်းမေးမြန်းနေကြသည်။

နောက်ဆုံး လူအများအား ရှင်းလင်းမပြောပြနိုင်တော့ဘဲ ကျောင်းဝင်း အတွင်း သစ်ပင်တွင် ကျောက်သင် ပုန်းထောင်ကာ " မော်တော်ယာဉ် ကျောင်းတိုက်အတွင်း ဂြိုဟ်သားတွေ့ရှိ ခြင်းမှာ မဟုတ်ပါ " ဟု ဆိုင်းဘုတ်ရေး ထားသည်ကို တွေ့ရသည်။

အမှန်မှာ အချို့ကင်မရာများတွင် အထူးပြုလုပ်ချက် ရုပ်ပုံများ ထည့်သွင်း ထားရာမှ တွေ့ရခြင်း သာ ဖြစ်သည်။လွန်ခဲ့သော သီတင်းကျွတ်လကလည်း နန်းတော် ကုန်းရပ်ကွက် ရွှေစောလူး ဘုရားမီးထွန်းပွဲတွင် ဤကဲ့သို့ ကင်မရာထဲမှ ET ပုံတွေ့ရ သဖြင့် လူအများစိတ်ဝင်တစားလာရောက် ကြည့်ရှုခဲ့ကြသည်။
တင်လှိုင်
စံတော်ချိန် နေ့စဉ်သတင်းစာ