Friday, January 31, 2014

မူးယစ်ဆေး သုံးစွဲသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ထောင်ဒဏ်ချမှတ်

ရန်ကုန် ၊ ဇန်နဝါရီ ၃၀
ကချင် ပြည်နယ်အတွင်း မူးယစ်ဆေး ဝါးသုံးစွဲသော ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကိုထောင်ဒဏ်အမြင့်ဆုံး သုံး နှစ်မှ ငါးနှစ်အထိဇန်နဝါရီ ပထမ ပတ်ကချမှတ်ခဲ့ကြောင်း မူးယစ် တိုက်ဖျက်ရေးဗဟို နေပြည် တော်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် ရဲတပ်သား များထဲတွင် တပ်ကြပ်၊ တပ်သား၊ ဒုတပ်ကြပ်စသဖြင့် ရာထူးအမျိုး မျိုးပါဝင်ပြီး ゞင်းင်းတို့သက်ဆိုင် ရာတာဝန်ရှိသူများက မသင်္က࿿ာ ၍ ဆေးစစ်ရာမှတစ်ဆင့် မူး ယစ်ဆေးသုံးစွဲကြောင်း ပေါ် ပေါက်ခဲ့ သဖြင့် ရဲဝန်ထမ်းများ အဖြစ်မှ ထုတ်ပယ်ကာ ယခုကဲ့ သို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

နေပြည်တော် မူးယစ် တိုက် ဖျက်ရေးဗဟိုမှ အဆိုပါအရာ ရှိက ““မူးယစ်တိုက်ဖျက်ရေးလုပ် ငန်းတွေကိုစနစ်တကျ ဆောင် ရွက်နေတဲ့အခါမှာ ဒီလိုမျိုးရဲ တပ်ဖွဲ့ဝင်တွေမူးယစ်ဆေးသုံး စွဲနေတာတွေဟာ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်စေပါတယ်။ ဒါ ကြောင့် အရေးယူ အပြစ်ပေးမှု တွေလုပ်တာ””ဟုပြောသည်။ ゞင်းင်းတို့ ၃၆ ဦးကိုနယ်ဘက်တရားရုံးတရားခွင်တွင် စစ်ဆေးပြီး ယခုကဲ့သို့အပြစ် ပေးခြင်းဖြစ်ကာ ゞင်းင်းတို့နှင့် သက်ဆိုင်သည့် မူးယစ်ကွင်း ဆက်များကိုလည်း ဖော်ထုတ် နေကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group