Monday, January 13, 2014

ကျုံးဘေး ကားမှတ်တိုင်နှင့် ခရီးသည်နားနေဆောင်များ လုံးဝခွင့်မပြု

ဇန်န၀ါရီ ၁၄ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄
ကျုံးအလှကို ထိခိုက်စေသည့် မန္တလေးမြို့ ကျုံးပတ်လည်မှ ဘတ်စ်ကားမှတ်တိုင်နှင့် ခရီးသည် နားနေ ဆောင်များထားရှိခြင်းကို လုံးဝခွင့်ပြုတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူးဦးမျိုးအောင်ထံမှ သိရသည်။

“ကျုံးဘေးမှာ Bus Stand တွေထားတာကို ဖြုတ်မှာပါ။ အဲဒါတွေကို ဘယ်သူ့ခွင့်ပြုချက်နဲ့ ထားတယ်ဆို တာတော့ မသိပါဘူး။ ဒါပေမဲ့ ကျုံးအလှကို ကွယ်စေမယ့်အရာမျိုးကို ကျွန်တော်တို့ လက်ခံခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာကော်မတီနယ်နိမိတ်အတွင်းရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ကြော်ငြာ များစိုက်ထူထားခြင်း၊ ခရီးသည်နားနေနိုင်မည့် ထိုင်ခုံပါ အဆောက်အအုံငယ်များ ဆောက် လုပ်ခြင်းနှင့် ကြော်ငြာဘုတ်များစိုက်ထူခြင်းကို အဆောက်အအုံနှင့် ကုန်ရုံဌာနထံသို့ တင်ပြရမည်ဖြစ်ပြီး ဌာနခွင့်ပြုမှ သာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကျုံးဘေးပတ်လည်တွင် ခွင့်ပြုပေးမည် မဟုတ်တော့ကြောင်း ၎င်း က ပြောသည်။

မန္တလေးမြို့မှ မြို့တွင်းယာဉ်လိုင်းများအတွက် ဘတ်စ်ကားမှတ်တိုင် ၄၀ ကျော်ထားရှိပေးထားပြီး ခရီး သည်နားနေဆောင် ၁၅ ခုထားရှိပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၃ခုနှစ် နိုဝင်ဘာလအတွင်းက ကျုံးပတ်လည်ရှိ ဘတ်စ်ကားမှတ်တိုင်များနှင့်ခရီးသည်နားနေဆောင် များကို စတင်ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုကျန်ရှိနေသည့် ကျုံးတောင်ဘက်တွင် ကျန်ရှိနေသည့် ဘတ်စ် ကားမှတ်တိုင်များနှင့် ခရီးသည်နားနေဆောင်များကို ဖျက်သိမ်းခြင်းဖြစ်သည်ဟု သိရသည်။
ဖြိုး
Mizzima - News in Burmese