Tuesday, January 28, 2014

သမဝါယမ အဆောက်အဦးအား ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းအတွက် ဆန္ဒထုတ်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၈။
သမဝါယမဌာန၏ ခွင့်ပြုချက်ဖြင့် ဝယ်ယူထားသော အမှတ်(၇၀/၇၂)၊ ကျွန်းတောလမ်းနှင့် မဟာမြိုင် လမ်းထောင့်ရှိ မြေကွက်အား ကန်ထရိုက်တိုက်အဖြစ် ဆောက်လုပ်ရာတွင် အောက်ခြေ အသင်းသူ၊ အသင်းသားများအား တိုင်ပင်ဆွေးနွေးမှုမရှိဘဲ ကန်ထရိုက်တာများ၊ အမှုဆောင်အဖွဲ့၊ မြို့နယ်သမ ဦးစီးဌာန ဦးစီးအရာရှိနှင့် တိုင်းသမဝါယမ ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောက်လုပ်ခြင်းကြောင့် သမဝါယမ အသင်းသူ၊ အသင်းသားများက စမ်းချောင်းမြို့နယ်၊ သမဝါယမ ဦးစီးဌာနရှေ့၊ ယနေ့ နံနက် (၁၀း၀၀) နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြန်မာ့ခေတ်
ဓါတ်ပုံ - သီဟသစ်