Wednesday, January 29, 2014

ဟိန္ဒူ အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး

ဖြူး ဇန်န၀ါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဖြူးမြို့နယ်၊ သာဓုကန် ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာ မြောက်ဘက် မီးရထားလမ်းတွင် ရထားကြိတ်၍ လူတစ်ဦး သေဆုံးနေကြောင်း သာဓုကန် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးရမ်းအော်ဒေ့စ်မှ ဖြူးမြို့မ ရဲစခန်းသို့ ဇန်နဝါရီလ (၂၈) ရက်၊ နံနက် (၉း၄၅) နာရီအချိန်တွင် ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ဖြူးမြို့မ ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် သန်းဦးမှ သွားရောက် စစ်ဆေးရာ ရထားလမ်း မိုင်တိုင်အမှတ် (၁၃၆/၂၄) အနီး သံလမ်းတွင် အသက် (၂၅) နှစ်ခန့်ရှိ ဟိန္ဒူအမျိုးသား (အမည်၊ နေရပ် စုံစမ်းဆဲ) သည် ဦးခေါင်းပြတ်၍ သေဆုံးနေသည် ဖြစ်ကြောင်း တွေ့ရှိရသည်။ ဦးခေါင်းမှာ ရထားသံလမ်းကြား၌ တွေ့ရှိရပြီး ခန္ဓာကိုယ်မှာ သံလမ်း အပြင်ဘက်တွင် ပက်လက် အနေအထားဖြင့် တွေ့ရှိရသည်။

အထက်ပါ ဟိန္ဒူအမျိုးသား သေဆုံးခြင်းမှာ ဓမ္မာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဖြူးမြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar