Monday, January 20, 2014

ကျောင်းသား နှင့် နိုင်ငံရေး


၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ က ချင်းပြည်နယ် တီးတိန်မြို့၌ ပြုလုပ်သည့် တီးတိန်လူထု တက်ရောက်သော လူထု ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ”ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူး ဆိုတော့ ဒါ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံ မဖြစ်စေချင်တဲ့ လူတွေက ပြောတဲ့ စကား ပါ။ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ဘူး။ လူငယ်တွေ နိုင်ငံ ရေးမလုပ်ဘူး ဆိုရင် ကျွန်မတို့ ဒီမိုကရေစီ မထွန်းကားနိုင်ပါဘူး။ အဲဒီတော့ ကျွန်မကတော့ အဲဒါကို လုံးဝ ဆန့်ကျင်ပါ တယ် လို့ ပြောပါ ရစေ။

ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြပါ။ နိုင်ငံရေးသိအောင် ကြိုးစားကြပါ” ဟု ပြောဆိုခဲ့လေသည်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပင်”နိုင်ငံရေး ကို ကြောက်လို့ မဖြစ်ဘူးနော်။ နိုင်ငံရေး ကိုကြောက် အောင်လို့ ကျွန်မတို့ကို ခေါင်းထဲကို ရိုက်သွင်းထား တာဟာ တော်တော်ကို နှစ်ပေါင်း များစွာ ရှိပါပြီ။ ဒါပေမဲ့ အဲဒီ အတွေး အခေါ်တွေကို ခေါင်းထဲ ကပြန် ထုတ်ရမယ်။ နိုင်ငံရေး ဆိုတာ ကြောက် စရာ မဟုတ်ဘူး။ လူတိုင်း လူတိုင်းနဲ့ ဆိုင် တယ်” ဟုလည်း ပြောဆို ခဲ့ပါသည်။

ကျောင်းသား များ နိုင်ငံရေး မလုပ်ရဟု လှုံ့ဆော်မှုမှာ ၁၉၆၂ ခုနှစ်မတိုင် ခင် ပထစ အစိုးရလက်ထက် ကတည်းက ဝန်ကြီးချုပ် ကိုယ်တိုင်က ဗမာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ သမဂ္ဂ၊ တက္ကသိုလ် ကျောင်း သားများ သမဂ္ဂတို့ကို ရည်စူးပြီး ကိုယ့်စာ ကိုယ်ကျက်ဖို့၊ နိုင်ငံ ရေး မလုပ်ဖို့ပြောဆိုတတ်ပါသည်။ လွတ် လပ်ရေးရပြီး ပညာရေး စနစ်မှာ ကိုလိုနီ ပညာရေး စနစ်ဖြစ်သည်ဟု သမဂ္ဂများက ဆန့်ကျင် လာခဲ့သည့် အချိန်မှစ၍ ဖဆပလ အစိုးရ၊ နောက် ပထစ အစိုးရ အဆက်ဆက်သည် လူငယ် များ၊ ကျောင်း သားများ နိုင်ငံရေး မလုပ်ဖို့ကို အပြင်း အထန် တိုက်တွန်း လာခဲ့၏။ စင်စစ် နိုင်ငံရေး မလုပ်ဖို့ တိုက်တွန်းသော အာဏာရ ခေါင်းဆောင် များမှာ ကိုလိုနီ ခေတ်က နိုင်ငံရေး လုပ်ခဲ့သော ကျောင်း သားခေါင်းဆောင် များချည်း ဖြစ်ပါ သည်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ သည် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ပင် တကသ၊ ဗကသ စသော သမဂ္ဂများမှ ပေါက်ပွားလာ သူများဖြစ်ပြီး ကျောင်းမှ ထွက်သောအ ခါ နိုင်ငံရေး လောကသို့ ဇောက်ချ ဝင်ခဲ့၏။

တို့ဗမာ အစည်းအရုံးသို့ အစု အပြုံလိုက် ရောက်သွားကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုလျှင် ဦးနုက နိုင်ငံရေးလောကသို့ ခြေစုံပစ် ဝင်သည် နှင့် သူလည်း တို့ဗမာအစည်းအရုံး သို့ဝင် ရောက် ကာ နိုင်ငံရေး လုပ်မည်ဟု တောင်းဆိုသော်လည်း ဦးနုက ကိုအောင်ဆန်းကို တက္ကသိုလ် တွင် တစ်နှစ်၊ နှစ်နှစ်နေခဲ့ ရန်၊ နောင် မျိုးဆက်ကျောင်းသား ခေါင်း ဆောင်များ ထွက်ပေါ် ဖို့ ကျောင်းတွင် ထားခဲ့ပါသည်။ နောက်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ရေကျော် ရှိ တို့ဗမာ အစည်းအရုံး ရုံးခန်း သို့သွားကာ နိုင်ငံ ရေး လောကထဲ ဝင်ရောက် ခဲ့လေတော့ သည်။ ဦးဗဆွေ၊ ဦးရာရှစ်၊ ဦးနု စသူ များမှာ ကျောင်းသား ဘဝကတည်းက နိုင်ငံရေး လုပ်ခဲ့သူများ ဖြစ်ပါသည်။

ကျောင်းသားများ နိုင်ငံရေး မလုပ်ရန် ထိုခေါင်းဆောင် များက ဟန့်တားသည့် အခါ သူတို့လည်း ကျောင်း သား ဘဝက နိုင်ငံရေး လုပ်ခဲ့တာပဲ မဟုတ်လား ဟု ကျောင်းသား ခေါင်းဆောင်များက ချေပသောအခါ သူတို့က သူတို့သည် ကိုလိုနီခေတ် ကနယ်ချဲ့တို့ကို ဆန့်ကျင်ဖို့ လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုခေတ် တွင် အမျိုး သား အစိုးရကို ဆန့်ကျင်ဖို့ မလိုဘဲ ကိုယ့် စာသာကိုယ် ကျက်ကြရန် အကြောင်း ပြပြောဆိုခဲ့၏။ သို့သော် ဖဆပလခေတ် က ပညာရေး မှာလည်း လွတ်လပ်မှုများ မရှိခဲ့ပေ။ သမဂ္ဂ များကို တရားဝင်ပိတ် ပင် တားဆီးခြင်းများ မရှိသော်လည်း ဗကသ၊ တကသ၊ ရကသ စသော ကျောင်းသား အဖွဲ့အစည်း အားလုံးသည် စာမသင် ဘဲနေသော အဖွဲ့များဖြစ် ကြောင်း၊ အစိုးရ အတိုက်အခံများဖြစ် ကြောင်း ဦးနု ခေါင်းဆောင်သော ဖဆ ပလ ဆိုရှယ်လစ်များက တစ်သမတ် တည်း ဆန့်ကျင် ခဲ့ကြလေသည်။ ၁၉၆၂ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးသည့် နောက်တွင် ကျောင်းသားများ နိုင်ငံရေး မလုပ်ရ။ လူငယ်များ နိုင်ငံရေး မလုပ်ရ ဟူသော ပိတ်ပင် တားမြစ်ချက်မှာ အ ဆုံး စွန် ရောက် ရှိသွားတော့၏။

ဇူလိုင် ၇ ရက် အရေးတော်ပုံ တွင် ကျောင်းသား ၁ဝဝ ကျော်ကို ဗိုလ်နေဝင်း အစိုးရက သွေးချောင်း စီးအောင် ပစ်သတ်ပြီး သည့် နောက် ထိုကျောင်းသား များမှာ တကသ အဆောက်အဦ ထဲမှ မွေးဖွား လာသူများ ဖြစ်၍ ကျောင်းသား များအား နိုင်ငံရေး လုပ်ဆောင် ဖန်တီးသည့် နေရာ တစ်ခု အဖြစ် သတ်မှတ်ကာ ဇူလိုင် ၈ ရက်နေ့ တွင် ဖြိုဖျက်ခဲ့လေသည်။ ထိုအချိန်မှစ ၍ ကျောင်းသား များသည် စစ်အာဏာ ရှင်တို့၏ ရန်သူဖြစ်လာသည်။ သမဂ္ဂ များကို သူတို့၏ ရန်သူ များဟု သတ် မှတ်ကာ အပြင်းအထန် ဖိနှိပ်ခဲ့သည်မှာ ယခုအထိ ဖိနှိပ်နေဆဲဖြစ်ပါသည်။

ကျောင်းသားများ နိုင်ငံရေး လုပ်ရမည်ဟု ရဲရဲရင့်ရင့် ပြတ်ပြတ် သားသား ကြွေးကြော် လိုက်သည့် သူများတွင် ယခု နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် မှာ အထင်ရှား ဆုံးဖြစ်လာသည်။ ဒေါ်အောင် ဆန်းစုကြည် ထက်စောပြီး ကြွေးကြော်ခဲ့ သော နိုင်ငံရေး သမားများ၊ စာရေးဆရာ များရှိခဲ့သည်။ အထူးသဖြင့် လက်ဝဲနိုင်ငံ ရေးသမားများ၊ လက်ဝဲ စာရေးဆရာများ ဖြစ်ပါသည်။ ယခုခေတ် ဒီမိုကရေစီ တောင်းဆိုသော ဒီမိုကရေစီ ဘက်တော်သား များထဲတွင် ဒေါ်အောင်ဆန်းစုကြည် မှာ ကျောင်းသား များ နိုင်ငံရေး လုပ်ဖို့ အပြတ်သား ဆုံး ပြောသောသူ ဖြစ်သည်။ ဆရာ ဟံသာဝတီ ဦးဝင်းတင်သည် ကျောင်းသားနိုင်ငံရေး လုပ်ဖို့ ထောက်ခံ ပြောဆိုခဲ့သူ ဖြစ်ပါသည်။

ယခင် ဖဆပလ ခေတ်ကတည်းက နိုင်ငံရေး လုပ်ခဲ့သူ၊ ဖဆပလခေတ် တစ်လျှောက်လုံး ဘာမှ မပြောခဲ့သူ၊ စစ်အစိုးရခေတ် တစ်လျှောက် လုံးငြိမ်ဝပ် ပိပြားစွာဖြင့် တစ်ခွန်း မှမပြောခဲ့သော နိုင်ငံရေးသမားဟောင်း ကြီးများ ရှိခဲ့ပြီး ယခု နိုင်ငံရေး ပါတီများ အလျှို အလျှိုပေါ်လာသော အခါ၌ ကျောင်းသား များ နိုင်ငံရေး မလုပ်ရ ဆိုသော ကြွေးကြော်သံကို ဆက်လက် ကိုင်စွဲခဲ့ကြသည်။ ဘွဲ့ရမှ နိုင်ငံရေး လုပ်ပါ။ အသက်အစိတ် ပြည့်မှနိုင်ငံရေး လုပ်ပါ ဆိုသော အသက် အကန့်အသတ်၊ ပညာ အရည်အချင်း ကန့်သတ်ခဲ့မှုကို ထိုသူများ မပြောခင်က လည်း စစ်အစိုးရကာလက ထင်ရှားသော စာရေးဆရာကြီး များက ပြောခဲ့ဖူးပါသည်။ ထိုအချိန်က စာပေလောက မှာ ပင် ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့် အငြင်းပွားခဲ့ဖူးသည်။ ထို ပြုပြင်ရေး စာရေးဆရာများက ပညာ မတတ်ဘဲ နိုင်ငံရေး လုပ်လျှင် ဓားမ နောက် ပိတ်ခွေးဖြစ်မည် ဟု ၈၈ ကျောင်းသား များကို စောင်းမြောင်းကာ ကန့်သတ် ခဲ့လေသည်။

သူတို့ ပြောသည်များမှာ စစ်အစိုးရ ကို အထောက် အပံ့ဖြစ် စေ ခဲ့၏။ ကျောင်းသား များ က ဦးဆောင် လှုပ်ရှား လိုက်သော ၈၈ ဒီမိုကရေစီ လှုပ် ရှားမှုကြီးသည် မဆလ တစ်ပါတီစနစ် ကို ချေမှုန်းလိုက်ခြင်း၊ စစ် အာဏာရှင် တို့ကို တုန်လှုပ် သွားစေခြင်းတို့ကြောင့် ကျောင်းသား များကို သူတို့ စိုးရိမ် ကြောက်လန့် ကြပါသည်။ ဇူလိုင် ၇ ရက် အရေးတော်ပုံ တွင် ကျောင်းသား များ၏ အရေးပါမှု က စစ်အာဏာရှင် တို့ တုန် လှုပ်သွားခဲ့သည့် သင်ခန်းစာသည် ၁၉၈၈ အရေးတော်ပုံ တွင်လည်း တစ် နိုင်ငံလုံး အတိုင်းအတာအရ ပို၍ကြီး မား၊ ပို၍ ကျယ်ပြန့်ကာ ကမ္ဘာ ကိုတုန်လှုပ် သွားစေသည့် အတွက် ကျောင်းသား နိုင်ငံရေး မလုပ်ရ ဟူသော ဖောက်ပြန် သော လူတန်းစား တို့၏ အဘိဓမ္မာသစ် တစ်ရပ်ပေါ်ထွက် လာခဲ့ခြင်း ဖြစ် ပါသည်။

ပညာတတ်မှ လူတော်ဖြစ်မည်။ ပညာတတ်မှ လူတွင်ကျယ်ဖြစ်မည်။ ပညာတတ်မှ နိုင်ငံရေး လုပ်နိုင်မည်ဟု ပညာရေးနှင့် နိုင်ငံရေးကို စည်းတားပြီး ကျောင်း သားနိုင် ငံရေး မလုပ်ရေး အုပ်စု သည် စာရေးဆရာများ ထဲတွင်လည်း ခေါင်းထောင် ခဲ့ကြပါသည်။ လူငယ်နှင့် ပညာရေး၊ လူငယ် နှင့်နိုင်ငံရေး စသည့် အကြောင်းအရာ များနှင့် စာပေဟော ပြောပွဲတွင် ဟောပြော ကြသည်။ လွတ်လပ်မှု ကင်းမဲ့သည့် မြန် မာနိုင်ငံ လို ဒီမို ကရေစီ အလင်းရောင် ကွယ်နေသော နေရာမျိုး၌ ဒီမိုကရေစီ အလင်းရောင် ရရှိရေးသည် သာ အဓိက ဆိုသည်ကို ထိုပုဂ္ဂိုလ် များသည် စစ်အစိုးရ အလိုကျ ကျောင်းသားနိုင်ငံရေး မလုပ်ရဟု ပိတ် ပင်တားဆီးနေသလား မသိရပေ။

အကယ်၍ ကျောင်းသား လူငယ် များ နိုင်ငံရေး မလုပ်ရ ဆိုသော ကန့် သတ်ချက်သာ လိုက်နာရမည် ဆိုလျှင် စစ်အာဏာရှင် တို့၏ သက်ဆိုး ရှည်မှုနှင့် ဖိနှိပ်မှုမှာ အလွန် ဆိုးဝါး ကမ်းကုန်အောင် ရှိနေဦးမည်။ ၈၈ ဒီမိုကရေစီ အရေး အခင်းကြီးလည်း မြန်မာနိုင်ငံ၌ ဖြစ်ပေါ် လာမည် မဟုတ်ပေ။ အခြေအနေ တစ်ခု ကို ပြောင်းလဲသော လူထု လှုပ်ရှားမှု များကို ကျောင်းသား များက ဦးဆောင် သည်ချည်းဖြစ်သည်။ ထိုကျောင်းသား များမှာ နိုင်ငံရေး လုပ်သော လူငယ်များ ဖြစ်ပါသည်။ ကိုအောင်ဆန်း လို၊ ကိုဗ ဟိန်းလို၊ ကိုအောင်ကျော်လို၊ ကိုနုလို တက္ကသိုလ် ကျောင်းသားများသည် ထင် ရှားသော နိုင်ငံရေး သမားများ ဖြစ် လာသည်။ ထိုကျောင်းသားများ နိုင်ငံရေး လုပ်၍သာ လွတ်လပ်ရေး ရလာသည်။ ဗြိတိသျှ နယ်ချဲ့၊ ဖက်ဆစ် ပန် တို့ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်။ ပညာရှင် စာရေးဆရာကြီးများက အသက် ၂၅ နှစ်ပြည့် မှ နိုင်ငံရေး လုပ်ရမည်။ ဘွဲ့ရမှ နိုင်ငံရေး လုပ်ရမည်ဆိုသော ကန့်သတ် ချက်များ ချမှတ်ကြ သည်။ နိုင်ငံရေးသုခမိန် ဆိုသော ဝါရင့် နိုင်ငံရေး သမားကြီး များ၏ ပညာမ တတ် ဘဲ နိုင်ငံရေး မလုပ်ရ ဆိုသည်များမှာ နိုင်ငံရေးကို ဦးချိုးခြင်း ဖြစ်သည်။

ကျောင်းသားများ နိုင်ငံရေး လုပ်ပါ ဆိုသော တိုက်တွန်းချက် သည် ပညာ မသင်ကြားရေး မဟုတ်၊ ဘွဲ့မရ အောင် တားဆီးထားခြင်း မဟုတ်။ တိုင်း ပြည်အတွက် လိုအပ်ချိန်တွင် စာသင် ခန်းကိုစွန့်ကာ လူထုကြားထဲ ပါဝင်ရ မည်။ တိုင်းပြည် အတွက် လိုအပ်ချိန်တွင် စာအုပ်များ ကိုစွန့်ကာ သေနတ်ကိုင်စွဲရ မည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးရ ခဲ့သည် မဟုတ်ပါလော။ တိုင်းပြည်အတွက် လိုအပ် လျှင် ကျောင်းသားများမှာ ညီညွတ်ရေး၊ အမျိုးသား ရင်ကြားစေ့ ရေး၊ ဒီမိုကရေစီရေး အတွက် ဆောင် ရွက်ရမည်။ ၈၈ မျိုးဆက် ကျောင်းသား များကို နိုင်ငံရေး ပြန်လုပ်ကြပါ။ သင်တို့ ၏ အနစ်နာခံမှု၊ ရဲရင့် ပြတ်သားမှုတို့နှင့် နိုင်ငံရေး လောကထဲ ဝင်ကြပါဟု ကျွန်တော် တိုက်တွန်း ပြောဆိုရေးသားခြင်း ရှိခဲ့ပါသည်။ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည် ချင်းပြည်နယ် ၌ ပြောကြားခဲ့သော ကျောင်း သားများ နိုင်ငံရေးလုပ် ရမည်ဆိုသော မိန့်ခွန်းကို လေးလေး နက်နက် ထောက်ခံ အားပေးပါသည်။
ထက်မြက်
Popular Myanmar News Journal