Tuesday, January 7, 2014

ဘုတ်ပြင်းမြို့နယ် ၊လမ်းပိကျွန်းအနီးတွင် ဝေလငါး တစ်ကောင် သောင်တင်သေဆုံးမှုဖြစ်ပွား

ဘုတ်ပြင်း ဇန်နဝါရီ ၇
ဘုတ်ပြင်းမြို့နယ်၊ လမ်းပိကျွန်း အနီးလခြမ်းအော်တွင် ဝေလငါး တစ်ကောင် သောင်တင်သေဆုံး မှု ဖြစ်စဉ်တစ်ခု ဇန်န၀ါရီ ၁ ရက်နေ့ က ဖြစ်ပွားသည် ။

အဆိုပါ သေဆုံးနေသည့် ဝေလငါးကြီး မှာ အရှည် ၄၆ ပေခွဲ ခန့် ၊ လုံးပတ် ၂၀ ပေ ခန့် ရှိပြီး လမ်းပိကျွန်း အဏ္ဏ၀ါအမျိုးသားဥယျဉ် သစ်တောထိမ်းသိန်းရေး သစ်တောဦးစီးဌာန ၀န်ထမ်းတစ်ဦး မှ လမ်းပိကျွန်း အနောက်ဖက် လခြမ်းအော် တ၀ိုက်တွင် တာဝန်ထမ်းဆောင် စဉ်စတင် တွေ့ရှိခဲ့ခြင်းဖြစ် သည်။

အဆိုပါ ဝေလငါးကြီး သောင်တင်သေဆုံး သည့်နေရာသည် လှိုင်းလေထန်သည့် ပင်လယ်ပြင် ဖြစ်ပြီး လူသူ အရောက်အပေါက် နည်းသည့်နေရာဖြစ်သည်။ ထိုငါးကြီးအား အနီးဆုံးနေရာဖြစ်သည့် ၀ါးကျွန်းကျေး ရွာသို့ မြန်မာ့ရေတပ်မတော်၊ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံ ရေလုပ်သားများမှ ၀ိုင်းဝန်း သယ်ယူပြီး မြေမြုတ်အရိုးကျသည် အထိထားရှိ၍သက်ဆိုင်ရာ ဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်းဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar