Thursday, January 16, 2014

မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ သွေးစွန်းနေသည့်အသုံးအဆောင်တချို့တွေ့ရှိ

Thursday, 16 January 2014
ရခိုင်ပြည်နယ်မောင်တော မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်ည ကပျောက်ဆုံးသွားသည့် ရဲတပ် ကြပ်ကြီး ၏  သွေးစွန်းနေသောအ သုံးအဆောင်တချို့အား ရှာဖွေ တွေ့ရှိထားကြောင်း သိရသည်။ ဇန်နဝါရီလ ၁၃ရက် ည ၁၀ နာရီခန့်က ဘင်္ဂ࿿ါလီ ကျေးရွာအနီး ကင်းလှည့်နေစဉ် ပျောက်ဆုံးသွား ခဲ့သည့် ရဲတပ်ကြပ်ကြီး အောင် ကျော်သိန်းအား ဇန်နဝါရီ ၁၅ရက် အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေး ဘဲ ယင်းနှင့်အတူပါရှိသွားသည့် သေနတ်ကျည်ပေါက် အခွံတစ်ခု၊ ခါးပတ် အတိုအပိုင်း အစ တစ်ခု နှင့် သွေးစွန်းနေသော အတွင်းခံအင်္ကျီ အပိုင်းအစတစ်ခုတို့ကို အခင်းဖြစ် ပွားရာကျေးရွာအတွင်းမှ ဇန်န ဝါရီ ၁၄ရက်က ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း မောင်တောမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က အတည်ပြု ပြောသည်။

““တပ်ကြပ်ကြီးကို အခင်းဖြစ် တဲ့ညကနေရှာဖွေနေတာ ဒီနေ့အ ထိရှာမတွေ့သေးဘူး။ ဒါပေမဲ့ အခင်းဖြစ်တဲ့ရွာထဲမှာတော့ တပ် ကြပ်ကြီးရဲ့အသုံးအဆောင်တ ချို့ကိုရှာတွေ့ခဲ့ပါတယ်””ဟု ယင်းက ပြော သည်။ ပျောက်ဆုံးနေသည့် ရဲတပ် ကြပ်ကြီး အောင်ကျော်သိန်းနှင့် အတူ ရဲတပ်ဖွဲ့ဝင်လေးဦးပါဝင် သည့် လှည့်ကင်းအဖွဲ့သည် ဇန်န ဝါရီ ၁၃ရက် ည ၁ဝနာရီခန့်က ဘင်္ဂါလီများနေထိုင်သည့် မောင် တောမြို့နယ် ဒုချီးရားတန်းကျေး ရွာကို ကင်းလှည့်စဉ် ဘင်္ဂါလီများ ဝိုင်းဝန်း တိုက်ခိုက် ခဲ့မှုကြောင့် ထွက်ပြေးခဲ့ကြရာမှ ရဲတပ်ကြပ် ကြီးပျောက်ဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း မောင်တောမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးပြော ပြချက်အရ သိရသည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာထဲမှ ဘင်္ဂါလီ ယောကျာ်းများအားလုံးမှာ ရွာမှ ထွက်ပြေးသွားကြပြီး ရွာထဲတွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိကြကြောင်းရဲတပ်ကြပ်ကြီးအား ရှာဖွေရာတွင်ပါဝင် သည့် ဌာန ဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောသည်။
မာန်ယုကျော် ၊ ညိုသဏ်း
Yangon Media Group