Friday, January 3, 2014

၂၀၁၃ သတင်းလူသားများ

ဒေါ်နော်အုန်းလှ

- NLD ပါတီဝင်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် လွတ်မြောက်ရေး အတွက် ၀တ်ပြုဆုတောင်း ပွဲ ခေါင်း ဆောင်မှုဖြင့် နာမည်ကြီးခဲ့သူ။

- ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါ ရီလက ပါတီစည်းကမ်း ဖောက်ဖျက်သည် ဟူသည့် စွပ်စွဲချက်ဖြင့် ပါတီမှ ထုတ်ပယ် ခံခဲ့ရသူ။

- ၂၀၀၉ မတ်လတွင် ရဟန်းသံဃာများအား ကမ်္မ၀ါစာ ပေးခဲ့သဖြင့် ၅၀၅(ခ)တပ်ကာ အာဏာပိုင်များက ထောင် ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်ခဲ့သူ။

- ၂၀၁၃ ခုနှစ်တွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအား ဆန်္ဒပြရန် စီစဉ်နေစဉ် သြဂုတ်လ ၁၂ ရက်နေ့ မုံရွာမြို့တွင် ဖမ်းဆီး ခံရ၊ ပုဒ်မ ၅၀၅(ခ)ဖြင့်ပင် မန်္တလေး အိုးဘိုထောင်၌ ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရ၊ ထောင် ဒဏ် ၃ လ ကျော် ဒဏ်ခံခဲ့ရပြီး နိုဝင်ဘာ ၁၅ ရက်နေ့ကထပ်မံလွတ်မြောက်ခဲ့သူ။ …

- လက်ပံတောင်းတောင် ဆန္ဒပြ သံဃာတော်များ အကြမ်း ဖက် နှိမ်နင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် တရုတ်သံရုံး ဆန္ဒပြမှု နှင့် တရုတ်အလံ မီးရှို့မှုဖြင့် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ဒီဇင် ဘာ ၁၀ ရက်နေ့က ရုံးထုတ် စဉ် ၂၀၀၇ ခုနှစ်၊ မေလအတွင်း က ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ် ချုပ်မှ လွတ်မြောက်စေရန် ရွှေတိဂုံဘုရားပေါ် ၀တ်ပြုဆု တောင်းမှု ပြုလုပ်ခဲ့ခြင်းအတွက်ပါ ပုဒ်မ ၂၉၆ ဖြင့် ထပ်မံ အမှုဖွင့်ခံရ ပြီး ဒီဇင်ဘာ ၃၁ရက်တွင် သမ်္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက် လာခဲ့သူ။

ဦးပီတာလင်းပင် 

(NLD ဗဟို ကော်မတီဝင်၊ အခြေခံလူတန်းစား များနှင့် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ခေါင်း ဆောင်၊ စာရင်းစစ်အဖွဲ့ ခေါင်းဆောင်၊ ထိုင်းနိုင်ငံ မဲ ဆောက်မြို့ အခြေစိုက် မင်းမဟော် ဖောင်ဒေးရှင်း အမြဲ တမ်း သဘာပတိ အဖွဲ့ဝင်၊ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ အမြဲ တမ်းကော်မတီ ငါးဦးအဖွဲ့ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးတာဝန်ခံ)

- နယ်ချဲ့ အင်္ဂလိပ်အား ပထမ ဦးဆုံး တော်လှန်တိုက်ခိုက်ခဲ့သည့် လင်းပင် မင်းသားကြီးနှင့် မြန်မာ့ သမိုင်း၏ အထင် ကရ ပုဂ်္ဂိုလ် တိုင်တားမင်းကြီးတို့၏ မျိုးဆက်၊ နယ်ချဲ့တော်လှန်ရေး သမိုင်းဝင် မြန်မာ့တပ်မတော်ကို စတင် တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးသိမ်းမောင်၏ မြေးဖြစ်သူ။

- ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလအမတ်အဖြစ် ၀င်ရောက် ရွေးချယ်ခံခဲ့ရာ ပြင်ဦး လွင်မြို့ နယ်မှ အနိုင်ရခဲ့ပြီး ၂၁ နှစ်ကြာ မြန်မာနိုင်ငံကို စွန့်ခွာ၍ မိမိ ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် မြန်မာ နိုင်ငံသို့ ပြန်လာခဲ့သူ။

- ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော် မတီ ဒုဥက်္ကဋ္ဌ၊ သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း က ငွေကြေး၊နေအိမ်နှင့်ကားများပေး သည်ဟူသောသတင်းများကြောင့် လူအများ စိတ်ဝင်စားမှု ခံရသူ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်(ကာကွယ်ရေးဦးစီးချုပ်)

- ယခင်ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ ကြည်း၊ ရေ၊ လေ ညှိ နှိုင်းရေးမှူးရာထူးကို ၂၀၁၀ ဇွန် လတွင် လွှဲပြောင်း တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၁ မတ်လ ၃၀ တွင် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စတင် တာဝန် ထမ်းဆောင်ခဲ့သူ။

၂၀၁၂ ခုနှစ်၊ ဧပြီတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့်တာ ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃၊ မတ် လတွင် ဗိုလ်ချုပ် မှူးကြီး ရာထူး အဆင့်သို့ တိုးမြှင့်တာဝန်ထမ်း ဆောင်ခဲ့သူ။

- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခွင့်၊ တားမြစ် ခွင့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် သမ်္မတ ဖြစ်နိုင်ခြေရှိနိုင် သည်အထိ အရေး ကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေသူဟု နိုင်ငံရေးအသိုင်းအ၀ိုင်း များမှ ဝေဖန်သုံးသပ်ခြင်း ခံရသူ။

ကင်တားနား (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်)
- မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံ တမန်တာဝန်အား ၂၀၀၈ ခုနှစ်မှစ ၍ တာဝန်ထမ်း ဆောင်ခဲ့သူ။

- သြဂုတ်လ အတွင်းမြန်မာ နိုင်ငံသို့ ၇ ကြိမ်မြောက် ရောက် ရှိခဲ့ရာ မွတ်ဆလင်များ အပေါ် ဘက်လိုက်သည်ဟု မြန်မာပြည်သူများက သြဂုတ်လ ၁၉ ရက်တွင် မိတ်္ထီ လာတွင်တစ်ကြိမ်၊ သြဂုတ်လ ၂၁ ရက်တွင် မင်္ဂလာဒုံ လေဆိပ် တွင် တစ်ကြိမ် စသည်ဖြင့် နှစ်ကြိမ်ခန့် ကန့်ကွက် ဆန္ဒပြခံရသူ။

- ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် အရပ်ဘက် လူ့အဖွဲ့ အစည်း များအား ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေပြန်လည် သုံးသပ်ရန် တိုက် တွန်းခဲ့သူ။

ဗီဂျေနမ်ဘီးယား (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ)

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာန၀န်ကြီး ဦးအုန်းမြင့်နှင့်မာရီယာ တို့နှင့်အတူ ကချင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ ပြီး ကချင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်း၊ ဘာသာ ရေး အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ။

- ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာဒုက်္ခ သည်စခန်း၊ မိတ်္ထီလာ ဒုက္ခသည် စခန်း၊ ရခိုင်ပြည် နယ် စစ်တွေမြို့ရှိ ဒုက္ခသည်များနှင့် သွားရောက်တွေ့ ဆုံခဲ့သူ။

ဘီလ်ကလင်တန် (အမေရိကန် သမ္မတဟောင်း)
- နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံကာ မြန်မာငြိမ်းချမ်းရေးစင်တာ၌ နိုင်ငံရေးပါတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအား နိုင်ငံရေး အသွင် ကူးပြောင်းမှုနှင့် နိုင်ငံရေးတွင် နိုင်ငံ့ ခေါင်း ဆောင်များ၏ အခန်း ကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောခဲ့ သူ။

ဟံသာဝတီဦးဝင်းတင် (NLD သဘာပတိ)

- ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ကျင်းပခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရန်ကုန်တိုင်း လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေး လူထု ဆန္ဒခံယူပွဲ၌ အခြေခံဥပဒေအား NLD ပါတီဝင် အားလုံးနှင့်တက် ရောက်လာသူအားလုံးက ပြင်ဆင် ရန် သဘောတူညီခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်း ပုံမှာ သုံးမရသော ဥပဒေဖြစ်၍ အသစ်ရေးဆွဲလို ကြောင်းဖြင့် အသစ်ရေးဆွဲသည့် ဘက်ကိုသာ တစ်ဦးတည်း သဘော တူညီခဲ့သူ။

- ထောက်လှမ်းရေးအကြီး အကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ် ဟောင်းဦးခင်ညွန့်က ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက် ပေးရန် ပထမဆုံး ဂါရ၀ပြု ကန်တော့၍ ၀န်ချတောင်းပန်ခံရသူ။

NLD ၏ မူဝါဒကို အမြဲ ဝေဖန်ထောက်ပြခဲ့သည့်  Head Liner အဖြစ်နာမည်ကြီးခဲ့သူ ကျော်သူ (နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ)

- ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင် ဟူသောခေါင်းစဉ်ဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့သည့် ဟောပြောပွဲ များတွင်  Dancer များ ထည့်သွင်းဖျော်ဖြေသည့် အတွက် လူအများကြား ပိုမိုစိတ် ၀င်စားမှု ခံခဲ့ရသူ။

ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ)

လက်ရှိ မြန်မာနိုင်ငံ သမ္မတဖြစ် ပြီး ၄၇နှစ်အတွင်း အမေရိကန် အိမ်ဖြူတော်မှ ကြိုဆိုခံရသည့် ပထမ ဆုံး မြန်မာသမ္မတ အဖြစ် မေလ ၂၀ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့သူ …။

အာဆီယံ ဥက္ကဋ္ဌရာထူးကို ဘရူနိုင်းနိုင်ငံမှ အောက်တိုဘာ ၁၁ ရက်တွင်လွှဲပြောင်းရယူခဲ့သည်။ ၁၆နှစ်အတွင်း ပထမဦးဆုံး အကြိမ် အာဆီယံဥက္ကဋ္ဌ ဖြစ်သူ…။

သူရဦးရွှေမန်း (ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ)
ပြည်ထောင်စု လွှတ်တော် နာယက တာဝန်အား ဇူလိုင်လ ၃၁ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှဲပြောင်း တာဝန်ယူခဲ့သူ ….။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ပုဂိ္ဂုလ်ရေး ရင်းနှီးသူဟု သတင်းများ ထွက် ပေါ်ခဲ့သူ

ဒေါ်အောင်ဆန်းစုကြည် (အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ မတိုင်မီ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေမှုများ အပေါ် ဥရောပ သမဂ္ဂမှ မည်သည့် နည်လမ်းဖြင့် အထိ ရောက်ဆုံး အကူအညီပေးနိုင်မည် ဆိုသည်ကို အောက်တိုဘာလ ၂၁ ရက်နေ့က ဥရောပသို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် အီးယူနိုင်ငံခြားရေးဝန် ကြီးများ တွေ့ဆုံမှုတွင် အဓိကထား ဆွေးနွေးခဲ့သူ …။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန်အတွက် လူထုဆန္ဒခံယူပွဲများ ကျင်းပ၍ ဦးဆောင်သူ …။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပြည်ပ ခရီးစဉ် တစ်ခုအတွင်း ၂၀၁၅၌ သမ္မတဖြစ်လို ကြောင်းပြောကြားခဲ့ပြီး နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌လည်း ဒုတိယအကြိမ် ထပ်မံ၍ သမ္မတဖြစ် လိုကြောင်း ပြောကြားခဲ့သူ။

ဦးစိုးသိန်း (သမ္မတရုံး ပြည် ထောင်စုဝန်ကြီး)
- ယခင်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ထမ်း ဆောင်ခဲ့သူ….။

- အမျိုးသမီး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှစ်ဦးအား ချယ်ရီကားပါမစ် ဦးဦးဖျားဖျား ထုတ်ပေးခဲ့ခြင်း ကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အကြား ဝေဖန် သံများ ထွက်ပေါ်လာခဲ့ပြီး ၁၁ ဘီလီယံငွေစာရင်း ၅ ခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေ စာရင်း ပါဝင်သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည့် အတွက် လူအများ၏ အာရုံစူးစိုက် ခြင်းခံရသူ…။

ဦးရဲထွဋ် (သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ)

ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး၏ နိုင်ငံတော်သမ်္မတ၏ပြောရေး ဆိုခွင့်ရှိသူအဖြစ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ တွင် ခန့်အပ်ခံရပြီး  facebook တစ်ခွင်၌ မီဒီယာများအား သမ္မတ၏ ပထမ ဆုံး ပြောရေး ဆိုခွင့် ရှိသူ….။

ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ)


အရှင် ဦးဝီရသူကို ဇူလိုင်လ ၁ ရက်နေ့ထုတ် Time မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်သွင်း ဖော်ပြ ထားသောကြောင့် ဇူလိုင်လ ၃ ရက်နေ့တွင် တိုင်းမဂ္ဂဇင်း ရုံးချုပ် တည်ရှိရာ နယူးယော့စ်မြို့ တွင် အမေရိကန်ရောက် ဘုန်းတော်ကြီး များနှင့် လူပုဂိ္ဂုလ်များက ဆန္ဒဖော်ထုတ်ခဲ့။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာ ဘုမိ္မအနောက်ရပ်ကွက်မှာ ဇူလိုင် ၂၁ ရက်ညက ကျင်းပသော မစိုး ရိမ်ကျောင်းတိုက် နာယက ဆရာ တော် ဦးဝီရသူ၏ တရားပွဲမှာ အသေးစား ဗုံးပေါက်မှုဖြစ် ပွားပြီး ကိုရင်တစ်ပါးနှင့် လူ ၄ ဦး ဒဏ်ရာ ရရှိ။

သန်းသန်းထွေး (မြန်မာ အမျိုးသမီး ဘောလုံးအားကစား သမား)

၂၇ ကြိမ်မြောက် အရှေ့ တောင် အာရှ အမျိုးသမီးဘောလုံး ကစားသမားနံပါတ် ၇ မသန်းသန်း ထွေး သည် အမျိုးသမီး ဘောလုံးပွဲ၌ ဂိုး ၂ ဂိုးရရှိခဲ့ပြီး မြန်မာဘောလုံး ပရိသတ်၏ အထူးအားပေးမှုကို ရယူ နိုင်ခဲ့သည်။

မိုးစက်ဝိုင်

မြန်မာ့အလှမယ် မိုးစက်ဝိုင် သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းမှ ကြီးမှူးကျင်းပသည့် Miss Universe ၂၀၁၃ ပြိုင်ပွဲ၌ ဆုမရရှိခဲ့ သော်လည်း ၂၀၁၃ ခုနှစ် အောက် တိုဘာလ ၅ ရက်နေ့တွင် ကျင်းပ သည့် ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဦးနေ ရွှေသွေးအောင် (ဖိုးလပြည့်) နှင့်အတူ ဖွင့်ပွဲပြုလုပ်ခဲ့သဖြင့် ပရိသတ်၏ စိတ်ဝင်စားမှု အများဆုံးခံရ သူ . . .။

ဒေါက်တာသန်းထွဋ်အောင် (ရွှေကလောင်ဆုရှင် Eleven Media Group CEO)


- ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံးမှ ၂၀၁၃ ခုနှစ် အတွက် ချီးမြှင့်သော ရွှေက လောင် ဆုကို ဇွန်လ ၃ ရက်တွင် ပေး အပ်ခြင်းခံရသူ ….။

ဒေါ်အေးအေးဝင်း (အေပီ သတင်းဌာန မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်)


- ၂၀၀၈ ခုနှစ်တွင် နိုင်ငံတကာ အမျိုးသမီးမီဒီယာ ဖောင်ဒေရှင်းက ပေးအပ်သည့် အမျိုး သမီးသတင်း ထောက် တစ်ဦး အနေဖြင့် သတိ္တပြောင်မြောက်စွာ သတင်း  ရယူနိုင်မှုဆုချီးမြှင့်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်အတွက် အမေရိကန် ပြည်ထောင်စု Missourli သတင်းမီဒီ ယာ ပေးအပ်သည့် သတင်းပညာ မှာ ထူးချွန်စွာ တာဝန်ထမ်းဆောင် နိုင်မှု ဆုအား အောက်တိုဘာ ၂၉ ရက်တွင် ထပ်မံချီးမြှင့်ခံရသူ…။

ဟန်ဝင်းအောင် (လက်ပံ တောင်းတောင်အရေး ကိစ္စပါဝင် ဆောင်ရွက်သူ)

- ၁၉၉၄ ခုနှစ်က သမဂ္ဂ ပြန်လုပ်မည်ဟုဆိုသောကြောင့် ထောင်ဒဏ် ၇ နှစ်နှင့် ဖမ်းဆီးခံ ခဲ့ရပြီး ၂၀၁၃ ခုနှစ် တွင် စာရွက် ဖြန့်ဝေမှုဖြင့် ထပ်မံဖမ်းဆီးခံရသူ

- ၂၀၁၀ ဒီဇင်ဘာတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး လက်ပံ တောင်းတောင် အရေးကိစ္စများတွင် ပါဝင်ဆောင် ရွက်နေသူ . . .။

ရဲမင်းဦး


- ၂၀၁၂ ခုနှစ်က မတ် ၂၅ ရက်တွင်က ဆူးလေစေတီတော်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက် မုခ်ရှိ ကြေးသွန်း ဘုရားရှေ့တွင် ဆန္ဒဖော်ထုတ်ရာ၌ အများပြည်သူအား သွေးထိုး လှုံ့ဆော်သည် ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆို ဖမ်းဆီးခံရသူ …။

- ၂၀၁၃ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည့် သာကေ တမြို့နယ် ၃ မာန်ပြေရပ်ကွက် မာန်ပြေ ၁၉ လမ်း နှင့် ၁၅ လမ်း ကြားရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းသည် တရားဝင်ခွင့် ပြုချက်ထက် ပိုမိုဆောက်လုပ် သဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား အငြင်းပွားမှုတွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပွား အောင် သွေးထိုးလှုံ့ဆော်သည် ဆိုကာ ဖမ်းဆီးခြင်းခံခဲ့ရသူ။

ရှင်ဆိုအာဘေး (ဂျပန် ၀န်ကြီး ချုပ်)
နှစ်ပေါင်း ၃၆နှစ် အတွင်း ဂျပန်- မြန်မာ နှစ်နိုင်ငံစီးပွားရေး မြှင့်တင်ရန်အဓိကရည်ရွယ်၍ မြန်မာ နိုင်ငံသို့ ပထမ ဦးဆုံး အကြိမ် အဖြစ် မေလ ၂၄ရက်တွင် ရောက်ရှိလာ ခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထောက် ပံပေး ခဲ့သူ …။

ဦးမိုးဟိန်း (သူရိယနေ၀န်း အမှုဆောင်အရာရှိချုပ်)

ယခင် သူရိယနေ၀န်း စီအီးအိုအဖြစ် တာဝန်ထမ်းဆောင် ခဲ့ရာမှ အောက်တိုဘာ ၁၈ရက်တွင် သူရိယအလင်း သတင်းဂျာနယ် တိုက်အား ၀င်စီးမှုဖြစ်ပွားခဲ့ပြီး နောက် အောက်တိုဘာ ၂၆ရက် တွင် သူရိယအလင်းမှ သူရိယ နေ၀န်းအဖြစ် ပြောင်းလဲထုတ်ဝေခဲ့ ပြီး စီအီးအိုပြောင်းလဲ တာဝန်ယူ ဆောင်ရွက်ခဲ့သူ။ ခရိုနီစနစ်တိုက် ဖျက်ရေး မူဝါဒကို အဓိကလက် ကိုင်ထားသူ။ နိုဝင်ဘာ ၁၆ရက် တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၌ မိုးဟိန်း၏ နောက်ခံ အကြောင်းအရာများဟူ၍ လက်ကမ်းစာစောင် ဖြန့်ဝေခံခဲ့ရသူ။
Myanmartandawsint Newspaper