Thursday, January 16, 2014

ဝေဖန်မှုများရှိသော်လည်း ဧရာဝတီစာပေပွဲတော် ပုံမှန်အတိုင်းကျင်းပမည်

ဝေဖန်မှုများရှိသော်လည်း ဧရာဝ တီ စာပေပွဲတော်အား မန္တလေးမြို့တွင် ပုံမှန်စီစဉ်ထားသည့်အတိုင်း ကျင်းပ သွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော် ဖြစ်မြောက်ေ ရးကော်မတီမှ သိရသည်။

ဧရာဝတီစာပေပွဲတော် ကျင်းပ ရေးအတွက် ကနဦးတွင် စာပေအနုပညာ ကဏ္ဍအသီးသီးမှ တက်ကြွစွာ ပါ ဝင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဦး စီးဦးဆောင်ပြုလုပ် မှုအပိုင်းနှင့်စပွန်ဆာ ငွေကြေးရှာဖွေမှုအပေါ် အမြင်မတူမှု များရှိလာခြင်းကြောင့် ကာတွန်းဆရာ များ၊ ကဗျာဆရာများ၊ စာရေးဆရာများ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းများ ရှိ လာခဲ့သည်။

”ကျွန်တော်တို့ လိုက်လုပ်နိုင်တဲ့ ဆရာသမားကြီးတွေ နုတ်ထွက်သွားကြတယ်။ ဆရာကျော်ရင်မြင့်၊ ဒေါက် တာ အောင်ကြီး၊ ဆရာသင့်နော်တို့ လိုလူတွေ ထွက်သွားကြ တယ်။ အဓိကက သူတို့ ထွက်သွားပြီးနောက် ဦးစီးဦးဆောင်ပြု နေတဲ့သူတွေရဲ့နောက်ကို မလိုက်နိုင်လို့ ကျွန်တော် တို့လည်း နုတ်ထွက်ရတာပါ”ဟု ကာတွန်း ဆရာေ အာင်မော်က ပြော သည်။

ကျင်းပပြုလုပ်မည့် ဧရာဝတီစာပေ ပွဲတော်အပေါ် မန္တလေးကဗျာများမှ လည်း သဘောထားကြေညာချက် တစ် ရပ်ထုတ်ပြန်ရာတွင် -

’မန္တလေးတွင် ကျင်းပမည့် ဧရာ ဝတီစာပေပွဲတော်ကို မန္တလေးကဗျာ ဆရာများအနေဖြင့် အထူးကျေနပ် ဝမ်း မြောက်သကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နာယက အ ဖြစ်ပါဝင်မှုအပေါ်တွင် လည်း အင်မတန် မှ ဂုဏ်ယူပါကြောင်း၊ သို့သော် ပွဲတော် အစီအစဉ်များအပေါ် ဦးဆောင်မှုအ ခန်းကဏ္ဍ တွင် အဖွဲ့အစည်းတစ်ရပ်မှ အလုံးစုံစီမံခန့်ခွဲရေးဆွဲမှုအပေါ် ဘဝင် မကျဖြစ်ရပါသဖြင့် ပွဲတော်အပေါ်ပါဝင် ပတ်သက်ခြင်းကို ငြင်း ပယ်ရခြင်း ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ၂ဝ၁၄ ဧရာဝတီစာ ပေ ပွဲတော်(မန္တလေး) တွင်မန္တလေးကဗျာ ဆရာများအနေဖြင့် ပါဝင်ပတ်သက်ရန် မလိုအပ်ကြောင်းယူဆသဖြင့် မည်သည့် ကဗျာ၊ မည်သည့်စာတမ်းမှ ပါဝင်ရွတ်ဆို ဖတ် ကြားခြင်းပြုလုပ်မည်မဟုတ်ကြောင်း နှင့် ဧရာဝတီစာပေပွဲတော်တွင် မည်သည့် နေရာမှ ပါဝင်ပတ်သက်မည် မဟုတ် ကြောင်း၊မသက်ဆိုင်ပါကြောင်း အသိ ပေးသ ဘော ထားထုတ်ပြန်ပါသည်’ ဟု ဖော်ပြထားသည်။

နောက်ဆက်တွဲ ထုတ်ပြန်မှုအရ ဆရာကိုလေး( အင်းဝဂုဏ်ရည်)၊ ဆရာ ပိုင်စိုးဝေ၊ ဆရာကိုငြိမ်း(မန္တလေး)၊ ဆရာ မောင်နွေထက်တို့မှလည်း ပါဝင်လက် မှတ်ထိုး မည်ဖြစ်ပြီး ပျဉ်းမနားအလယ် ရိုးမကဗျာဆရာ များမှလည်း မန္တလေးက ဗျာဆရာများနှင့် သဘောထားတစ်ခုတည်းဖြစ် သည်ဟု ထုတ်ပြန်ထားသည်။

မန္တလေးတွင် ဧရာဝတီစာပေပွဲ တော် ကျင်းပခြင်းနှင့် ပတ်သက်၍”တ ချို့တွေကျတော့လည်း ကျွန်မ ပါဝင်တာ ကို မကြိုက်ဘူးပေါ့လေ။ ဘာကဏ္ဍရယ် လို့လည်း ကျွန်မ အနေနဲ့ ယူထားတာ မရှိပါဘူး။ ဒါပေမဲ့ ကြိုးစားလုပ်တဲ့အခါ မှာ ရှေ့ရောက်ရောက်လာတာတွေလည်း ရှိတာပေါ့။ Fund ငွေနဲ့ပတ်သက်ပြီး တော့လည်း ကျွန်မ ရှင်းပြချင် တာက ငွေကြေး တစ်ခုအနေနဲ့ မဟုတ်ဘူး။ ဥပမာ ၁၃ ရက်နေ့ည အကြိုညစာစား ပွဲဆိုပါတော့၊ အဲ့ဒါကို စပွန်ဆာပေးတဲ့ သူက သူ့ဘာသာသူရှင်းသွား။ ဘာငွေ မှ ကော်မတီ ကိုပေးစရာမလိုဘူး။ ကော် မတီက အဓိက သုံးရ မယ့် ငွေလောက်ပဲ လက်ထဲမှာ ကိုင်ထားမှာ။သူဌေးကြီး တွေလည်း ပါချင်ပါမှာပေါ့။ အခု တချို့ တွေ နုတ်ထွက်သွားတယ် ဆိုတာလည်း ပုဂ္ဂိုလ်ရေးတွေကြောင့် ဖြစ်တာပါ။ အချိန်က ဇာတ်ရည်လည်သွားမှာပါ။ ကျွန်မအနေနဲ့ နံပါတ်တစ်က မန္တလေး ကို ချစ်တဲ့စိတ်၊ နံပါတ်နှစ် က မြန်မာ နိုင်ငံကို ချစ်တဲ့စိတ်နဲ့ပဲ လုပ်တာပါ။ ဘာနေရာမှ လိုချင်လို့ မဟုတ်ပါဘူး” ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ ဝင် ဒေါ်မမနိုင် က ပြောသည်။

ယခုလ ၂၁ ရက်နေ့တွင် ပွဲတော် ဒါရိုက်တာ ဗြိတိသျှ သံအမတ်ကတော်Ms. Jane ရောက်ရှိမည်ဖြစ်ပြီး တစ် ပတ်တစ်ခါ အစည်းအဝေးပြုလုပ်မည် ဖြစ်ကာ ပွဲတော်မ ကျင်းပမီ တစ်ပတ်ခန့် အလိုတွင်လည်း ပြည်တွင်း ပြည်ပ မီဒီ ယာ ရှင်းလင်းပွဲတစ် ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဧရာဝတီ စာပေပွဲတော်အား မန္တ လေးမြို့ ကုသိုလ်တော်ဘုရား ပရိဝုဏ် အတွင်းဖေဖော်ဝါရီလ ၁၄၊ ၁၅၊ ၁၆ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၃ရက်နေ့ညတွင် အကြိုညစာစားပွဲ ကျင်းပမည်ဖြစ်ကာ ဖျော်ဖြေရေး များအ နေဖြင့် စောင်း၊ ပတ္တလား၊မင်းသားမင်း သမီးအက၊ ခြင်းခတ်၊ မျက်လှည့်၊ ရုပ် သေးတို့ တစ်ရက်လျှင် သုံးကြိမ်နှု န်းဖြင့် အလှည့် ကျ ဖျော်ဖြေမည်ဖြစ်ပြီး ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် အစီအစဉ်နှစ်ခုပါဝင် ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော် မတီမှ
သတင်းရရှိသည်။

နိုင်ငံတကာမှ စာရေးဆရာများနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ပါဝင် သည့် ဧရာဝတီ စာပေပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက် နေ့အထိ ရန်ကုန် မြို့ အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါ ပွဲတော်တွင် နိုင်ငံတကာမှ စာရေးဆရာ ၂၄ ဦးနှင့် မြန်မာနိုင်ငံမှ စာရေးဆရာ ၁ဝဝ ခန့်ပါဝင် ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစု ကြည်ကလည်း စာပေပွဲတော်ကျင်းပရ ခြင်းကြောင့် ကမ္ဘာ့စာပေကို လူအများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရနိုင်ပြီး အင်္ဂလိပ်ဘာသာစကားကို ပို၍နီးစပ် ကျွမ်းဝင်နိုင်သည်ဟု ပွဲတော် အကြို သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ သည်။
ဖိုးလပြည့်
Popular Myanmar News Journal