Wednesday, January 29, 2014

ဗြိတိန်နိုင်ငံခြားရုံးဝန်ကြီး အင်္ဂလိပ်ခေတ် ကချင်စစ်သားဟောင်းအချို့နှင့် တွေ့ဆုံ

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၄
မြစ်ကြီးနား၊ မဇ္ဈိမ။ ။ ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swireက အင်္ဂလိပ်ခေတ်က ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကချင်စစ်သားဟောင်းများနှင့် မြစ်ကြီးနားမြို့ မနောကွင်း ယဉ်ကျေးမှုခန်းမတွင် ဇန်နဝါရီ ၂၉ရက် ညနေ ၃နာရီဝန်းကျင်က တွေ့ဆုံခဲ့သည်။

စစ်သားဟောင်းများက ဗြိတိန်အနေဖြင့် စစ်သားဟောင်းများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအ တွက် ပြန်လည်ကြည့်ပေးစေချင်သည်ဟု တောင်းဆိုခဲ့သည်။

နံနက်ပိုင်းတွင် ဝန်ကြီး Hugo Swireသည် ကချင်အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး ဝိုင်းမော်ရှိ စိန့်ဂျိုးဆက်မိုင်နာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့သေးသည်။ နေ့လည်ပိုင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOနှင့်လည်း တွေ့ဆုံခဲ့သေးသည်။
မဇ္ဈိမသတင်းဌာန