Tuesday, January 28, 2014

Air KBZ လေယာဉ်ဘီးပေါက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ခရီးသည် (၆၂)ဦး တင်ဆောင်လာသည့် Air KBZ သည် ရန်ကုန်- ဟဲဟိုး- မန္တလေး- ဟဲဟိုး- ရန်ကုန် ခရီးစဉ်ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဇန်န၀ါရီလ (၂၈) ရက်နေ့ နံနက် (၈)နာရီ အချိန်တွင် စတင်ထွက်ခွာရာ လေယာဉ်သွားလမ်းအဆုံး အရောက်တွင် လေယာဉ်ဘယ်ဘက် ဘီးပေါက်ပြီး လေဆိပ်သို့ ပြန်အလာတွင် ပေါက်သွားသည့်ဘီးမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

၎င်းအချိန်တွင် ရေနံကုမ္ပဏီပိုင် လေယာဉ်ငယ်များမှ မီးလောင်နေသည့် ၎င်းလေယာဉ်အား ၀ိုင်းဝန်း၍ မီးငြိမ်းသတ်ကြရာ နံနက် (၈:၂၃) မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 လေယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
MOI Webportal Myanmar