Monday, December 2, 2013

ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို လက်ခံသင့်ကြောင်း UNA ပြော

သြစတြေးလျနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် ကြိုဆိုနေသူများအား တွေ့ရစဉ် ဓာတ်ပုံ - နစ်ကီ
Tuesday, December 3, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရာတွင် အဆင်ပြေချောမွေ့ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် တိုင်းပြည်ကောင်းစားရေးအတွက် လက်ခံသင့်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ပြောကြားလိုက်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအား ထာဝရငြိမ်းချမ်းရေးရရှိရန် နှင့် ဒီမိုကရေ စီနိုင်ငံတည်ဆောက်ရန် အားနည်းချက်များရှိနေသဖြင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးမှု လိုအပ်သည်ဟု UNA အဖွဲ့ဝင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံမှုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏ ဇန်န၀ါရီလ နောက်ဆုံးပတ်အတွင်း ထွက်ရှိမည့် အစီရင်ခံစာမတိုင်မီ ပြုလုပ်ပါက အစီရင်ခံစာအား ထိခိုက်နိုင်သည့်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ရေးကိစ္စမှာ သက်ဆိုင်သူအားလုံး ပါဝင်ရမည့် ကိစ္စရပ်ဖြစ်သည်ဟု သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သုံးသပ်ကြသည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကိုလည်း ထိခိုက်နိုင်စ ရာအကြောင်းမရှိဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်တို့နှင့် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က စာဖြင့် မေတ္တာ ရပ်ခံမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

““သူတို့ဘက်က မငြင်းပယ်သင့်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ပြောသင့်ပြီ”” ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကမ်းလျန် က ပြောသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီများဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်သည်။
7Day Daily