Friday, December 27, 2013

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် NLD ဗဟိုကော်မတီအစည်းအဝေးသို့ မတက်ရောက်နိုင်

ရန်ကုန်-ဒီဇင်ဘာ၂၈
ဒေါ်အောင်ဆန်းစုကြည်သည်ကျန်းမာရေးအခြေအနေကြောင့် NLD မှယနေ့နံနက်ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။ ယနေနံနက် ၁၀နာရီတွင် တော် ၀င်နှင်းဆီစားသောက်ဆိုင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ အကြိမ်ဗဟိုကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ကျင်းပနေပြီဖြစ်သည်။

အဆိုပါအစည်းအဝေးကိုဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သောကြောင့်ခွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ခွင့်တိုင်ကြားရခြင်းအကြောင်းတွင် ကျန်းမာရေးအခြေအနေကြောင့်ဟုဖော်ပြထားသည်။ သူမသည် ယခုလ ၁၆ရက်နေ့က စမ်းချောင်းမြို့နယ်အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခြေချောင်းကို အသေးစား ခွဲစိတ် မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝေမာထွန်း
Popular Myanmar News Journal