Friday, December 6, 2013

KNU/KNLA ဒုတပ်ရင်းမှူး နှင့် နှစ်ဦး လိုင်စင်မဲ့ကားတင်သွင်း မောင်းနှင်မှုဖြင့် အမှုဖွင့်ခံရ

ရန်ကုန် ၊ ဒီဇင်ဘာ ၆
KNU/KNLA ဒုတပ်ရင်းမှူးနှင့် မိတ် ဆွေနှစ်ဦး လိုင်စင်မဲ့ကား တင်သွင်း မောင်းနှင်မှုဖြင့် သုဝဏ္ဏရဲစခန်းတွင် အမှုဖွင့်စစ်ဆေးခံထားရကြောင်း သုဝဏ္ဏရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ ပြောသည်။

ဒီဇင်ဘာ ၅ရက် မွန်းတည့် ၁၂နာရီဝန်းကျင်ခန့်က သုဝဏ္ဏ မြို့နယ် မင်းဒင်လမ်းသွယ် ၅လမ်း ထိပ်တွင်  KNU 201-07  နံပါတ်  တပ်ဆင်ထားသော နီဆန်စတိပ် ဝယ်ဂွန်အဖြူရောင်ယာဉ် မောင်း နှင်လာသူနှင့် ယင်းကဲ့သို့ပင် ကေ အင်န်ယူ နံပါတ် တပ်ထားသောMajesta Crown Saloon အနက် ရောင်မောင်း နှင်လာသူနှစ်ဦးကို အဆိုပါယာဉ်နှင့်ပတ်သက်၍ က ညနကထုတ်ပေးထားသောယာဉ် နှင့်ပတ်သက်သည့်စာရွက်စာတမ်း များအား စစ်ဆေးရာ ゞင်းတို့နှစ် ဦးတွင် မော်တော်ယာဉ် နှင့်ပတ် သက်သည့် စာရွက်စာတမ်းများ မတွေ့ရဘဲ ゞင်းမော်တော်ယာဉ် များမှာ မြဝတီမြို့ အမှတ်၂ဝတပ် ရင်း  KNU/KNLA  ဒုတပ်ရင်း မှူး၏ မော်တော်ယာဉ်များဖြစ် နေကြောင်း စုံစမ်းသိရှိရ၍ လိုင် စင်မဲ့ယာဉ်များ တရားမဝင် တင် သွင်း မောင်းနှင်သူနှစ်ဦးဖြစ်သည့် ယာဉ်မောင်း ဝင်းမင်းဦးနှင့် မင်း မင်းထွန်းဆိုသူအပါအဝင် အဆို ပါယာဉ်ပိုင်ရှင်  KNU/ KNLA  ဒုတပ်ရင်းမှူးတို့ကို ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မဖြင့် သုဝဏ္ဏရဲစ ခန်းက ဒီဇင်ဘာ၅ရက်က အမှု ဖွင့် ထားကြောင်း သိရသည်။

သုဝဏ္ဏရဲစခန်းမှတာဝန် ရှိသူတစ်ဦးက ''ပြည်သူတချို့ရဲ့ သတင်းပေးမှုကနေတစ်ဆင့် စုံ စမ်းသိရှိခဲ့ရတာ။ အခုတော့ ဒီ ကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို သတင်းတော့ပို့ထား တယ်''ဟုပြောသည်။ ယင်းကဲ့သို့ လိုင်စင်မဲ့ယာဉ် များ ရန်ကုန်မြို့တွင်း မောင်းနှင်  ခြင်းများ မကြာခဏဖြစ်ပေါ်နေ ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါဖြစ်ရပ်ကိုမျက်မြင်တွေ့ရှိသူ မင်းဒင်၅လမ်းနေ ပြည် သူတစ်ဦးက ''ရဲတွေလာပြီးယာဉ် မောင်းနှစ်ဦးကိုစစ်တယ်။ ပြီးတော့ စခန်းကိုစစ် ဖို့ခေါ်သွားတယ်။ ဒါ ပဲမြင်လိုက်ရတယ်''ဟု ပြောသည်။ သုဝဏ္ဏရဲစခန်းမှ အဆိုပါ အမှုကို (ပ)၃၇၄/၁၃ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group