Sunday, December 15, 2013

Kim Jong Un အဒေါ် ခင်ပွန်းကွက်မျက်ခံရပေမယ့် ရာထူးမြဲနေဆဲ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အဒေါ်ဖြစ်သူ Kim Kyong Hui (ပီးခဲ့တဲ့တပတ်အတွင်း နိုင်ငံတော်ပုန်ကန်ဖို့ အကွက်ချမှုနဲ့ ကွက်မျက်ခံခဲ့ရသူရဲ့ဇနီး)။
15.12.2013
မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိခေါင်းဆောင် Kim Jong Un ရဲ့ သြဇာကြီးမားတဲ့ အဒေါ်ဖြစ်သူကို အရင်တပတ်ကပဲ ကွက်မျက်ခံလိုက်ရတဲ့ သူ့ခင်ပွန်းသည်အတွက် နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပရေး ကော်မတီမှာ ခန့်အပ်လိုက်ပါတယ်။

ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း Kim Jong Il ရဲ့ ညီမဖြစ်သူ Kim Kyong Hui ကို ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့အတူ စာရင်းထဲ ထည့်ထားကြောင်း မြောက် ကိုရီးယားအစိုးရ သတင်းဌာနဖြစ်တဲ့ KCNA သတင်းက ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာသွား တာကြောင့် ဒီအဒေါ်ဟာ သူ့တူရဲ့ ချစ်ခင်မှုကို ရရှိနေဆဲပဲဆိုတာ တွေ့ရပါတယ်။

Mrs. Kim ရဲ့ခင်ပွန်းသည်က နိုင်ငံတော်ပုန်ကန်မှုနဲ့ အပြစ်ရှိကြောင်း စစ်ခုံရုံးက အမိန့်ချပြီးနောက်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ကွက်မြက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ခင်ပွန်းသည် Jang Song Thaek ကို အရင်တပတ်ကပဲ ဖမ်းဆီးလိုက်ပြီး အဂတိလိုက်စားမှု၊ နိုင်ငံတော်ကို ပုန်ကန်ဖို့ အကွက်ချမှု၊ မိန်းမလိုက်စားမှု၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုတွေနဲ့ ခုံရုံးတင်ခဲ့တာလို့ KCNA သတင်းက ပြောပါတယ်။ Mr. Jang နဲ့ နီးစပ်သူတချို့လည်း ရာထူးအာဏာ လက်လွှတ်ရလိမ့်မယ်လို့ အချို့ အကဲခတ်တွေက သုံးသပ်ပါတယ်ရှင်။
ဗွီအိုအေ (မြန်မာဌာန)