Friday, December 27, 2013

ပျဉ်းမနားမြို့တွင် ဖုန်းဘက်ထရီ မီးအားသွင်းရာမှ ပလပ်ခုံ ဝိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်

ပျဉ်းမနား ဒီဇင်ဘာ ၂၇
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ဖုန်းဘက်ထရီ အားသွင်း ရာမှ ပလပ်ခုံဝိုင်ယာရှော့ခ် ဖြစ် ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၂၇ ရက် နံနက် ၅ နာရီ ၅၅ မိနစ်က နေပြည်တော် ပျဉ်းမနား မြို့ ရန်အောင်(၂)ရပ်ကွက် ဘိုးဘွားရိပ်သာလမ်း ရန်နိုင်(၁)လမ်း နှင့် (၂)လမ်းကြားရှိ ဦးအောင်တင်ခိုင် (၃၂နှစ်) ပိုင်ဆိုင်သော သွပ်မိုးထရံကာ နေအိမ်၏ရှေ့တွင် ဖွင့်လှစ်ရောင်းချ သော ရှယ်ရိုဇီခေါက်ဆွဲ ဆိုင်တွင် တယ်လီဖုန်း ဘက်ထရီမီး အားသွင်း ရာမှ ပလပ်ခုံဝိုင်ယာရှော့ခ်ဖြစ်ကာ ဦးအောင်တင်ခိုင်၏ ခေါက်ဆွဲဆိုင်မှ တစ်ဆင့် ပင်မနေအိမ်သို့ မီးကူးစက် လောင်ကျွမ်းကာ နေအိမ်ရှေ့တွင် ဖွင့် လှစ်ထားသော ခုနစ်ပေပတ်လည် ဆိုင်ခန်းလေးခန်းအနီး ကပ်လျက်ရှိ သော ဦးပြုံးချို၏ ပျဉ်ခင်းသွပ်မိုးထရံ ကာ နေအိမ်တစ်လုံး၊ ဦးပြည့်ဖြိုးဦး၏ သွပ်မိုးထရံကာ ပျဉ်ခင်း နေအိမ်တစ် လုံး၊ ဦးမြင့်ထွေး၏ အောက်ထပ်အုတ် ကာအပေါ်ထပ် ပျဉ်ခင်းထရံကာ နှစ်ထပ် အိမ်တစ်လုံး၊ ဦးတင်ထွန်းဦး၏ သွပ်မိုးထရံကာ ပျဉ်ခင်း စုစုပေါင်းနေအိမ်ငါးလုံးနှင့် ခုနစ်ပေပတ်လည် ဆိုင်ခန်း လေးခန်း မီးလောင် ကျွမ်းခဲ့သည်။

အခင်းဖြစ်နေရာသို့ နေပြည်တော်ကောင်စီဝင် ပျဉ်းမနားမြို့နယ် တာဝန်ခံ ဗိုလ်မှူးကြီး မြင့်အောင် သန်း၊ နေပြည် တော်ကောင်စီဝင်ဦးမျိုးညွန့်၊နေပြည် တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင်၊ နေ ပြည်တော် မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းကျော်ကျော်၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမော်၊ ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသန်းဝင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး မီးသတ် ယာဉ် ၂၉ စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၆ နာရီ ၃၅မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနားမြို့မရဲစခန်းက မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar