Tuesday, December 31, 2013

ကျောက်တော်မြို့ မဟာကံကြီးသျှင်ဘုရား အနေကဇာတင် အခမ်းအနားကျင်းပ


ကျောက်တော် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့ဝင်လမ်း မီးရထားဘူတာအနီးတွင် စစ်တွေမြို့ ကန်တော်ကြီးရပ် ကွက်ရှိ မဟာဇေယျ သိဒ္ဓိ အဓိဌာန် ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ ဦးဆောင်မှုဖြင့် ရခိုင်ရှေးဟောင်း ဗိသုကာ မူအတိုင်း တည်ထားကိုးကွယ် လျက် ရှိသော ဥာဏ်တော်အမြင့် ၅၄ ပေ၊ ဓမ္မခဏ်နှင့်ပလ္လင်အမြင့် ၄ ပေ၊ အောက်ခြေ ဂန္ဓကုဋီတိုက်အမြင့် ၁၄ ပေ၊ ဂန္ဓကုဋီ တိုက်အလျားပေ ၆၀၊ အနံပေ ၄၀ ရှိသော မဟာကံကြီးသျှင်ဘုရား ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာနှင့် ရေစက်ချ အလှူမင်္ဂလာ အခမ်းအနား ကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီက အဆိုပါဘုရားကြီး ၀င်း အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလ ရက္ခိတနှင့် မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော် အမှူးပြု သည့် ကျောင်းထိုင် ဆရာတော်ကြီးများနှင့်သံဃာတော်အရှင်သူမြတ်များ၊ အလှူရှင်များ၊ ရပ်ဝေး/ရပ်နီးမှ ဧည့် ပရိတ်သတ်များတက်ရောက်ကြပြီး မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော် ဘဒ္ဒန္တကုလရက္ခိတနှင့် မြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော် အမှူးပြု သည့် ကျောင်းထိုင် ဆရာတော်ကြီးများနှင့်သံဃာတော်အရှင်သူမြတ်များက မဟာကံကြီး သျှင်ဘုရား ကြီးအား ဗုဒ္ဓဘိသေကအနေကစာတင်ပူဇော်ကြသည်။

ယင်းနောက် ကျောက်တော်မြို့ မြို့မရွှေကျောင်းဆရာတော်ထံမှ ဧည့် ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ် ၀တ္ထု ပစ္စည်း အစုစုတို့အား ဆရာတော်၊ သံဃာတော် များထံ ဆက်ကပ် လှူဒါန်း ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
MOI Webportal Myanmar